နေပြည်တော်၊ဒီ ဇင်ဘာလ- ၁၈ ရက်။Wisdom Hill မူကြိုကျောင်းမှ ဆရာမ နှင်းနု ဟာ သည်ကနေ့ သူ့ကို ရှေ့နေတွေကစစ်ဆေးမေးမြန်းစဉ်မှာ သူ့အနေနဲ့ ဗစ်တိုးရီးယားလေးနဲ့စပ်လျဉ်းပြီး ဘာမှမမြင်တွေ့တာကြောင့် ဘာမှသိရှိခြင်း မရှိဘူးဆိုတဲ့ ထွက်ဆိုချက်တစ်ခုကိုလည်း တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

အစိုးရ ဥပဒေအရာရှိက CID မှ သူ့ကို မေးမြန်းခဲ့တာတွေ ၊ ဖြေကြားခဲ့တာတွေ နဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ အခုလို ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆရာမ နှင်းနု”ကျွန်မအနေဖြင့် ကလေး(တရားခွင်မှာ ကလေးရဲ့အမည်နဲ့ထွက်ဆိုရ)နှင့်စပ်လျဉ်း၍ မည်သည်ကိုမျှ မမြင်တွေ့ပါ။သိလည်း မသိပါ”လို့ ထွက်ဆိုပါတယ်။

ဆရာမ နှင်းနုကို သည်ကနေ့ အစိုးရဥပဒေအရာရှိနဲ့ ဒေါ်စုဒါလီအောင် တို့က စစ်ဆေးမေးမြန်းခဲ့ကြတာဖြစ်ပြီး ဆရာမ နှင်းနုရဲ့ အခြား ထွက်ဆိုချက်တွေကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဗစ်တိုးရီးယားအမှုရဲ့ သည်ကနေ့ (၁၃) ကြိမ်မြောက်ရုံးချိန်းမှာ ဆရာမ နှင်းနု အပြင် နောက်ထပ် ဆရာမ နှစ်ဦးကိုလည်း စစ်ဆေးမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဆရာမ နှင်းနုကတော့ သည်ကနေ့ မနက်ပိုင်းမှာ စစ်ဆေးခဲ့ပြီး အချိန်အားဖြင့် ၃ နာကျော်ခန့် စစ်ဆေးခဲ့ကြပါတယ်။အခုလည်း နောက်ထပ် ဆရာမ နှစ်ဦးကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။

အခုဆိုရင် ဗစ်တိုးရီးယားအမှုဟာ (၁၂ )ကြိမ်မြောက်ရုံးချိန်းအထိ ပြီးစီးပြီဖြစ်ကာ သက်သေ ၁၆ ဦးအထိ စစ်ဆေးမေးမြန်းပြီး ဖြစ်ပါတယ်။ (သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်)