သိပ္ပွံ ပညာရှင်ကြီး Elon Musk ဟာ The Space X ဒုံးပျံကုမ္ပဏီကြီးတစ်ခုလုံးကို ထောက်ပံ့ကြီးကြပ်နေသူဖြစ်ပြီး ရေဒါဂြိုဟ်တုတစ်လုံးလွှတ်တင်နိုင်မယ့် နည်းဗျူဟာတွေအကြောင်းကို သူက ပြောဆိုနေပါတယ်။ Musk နည်းဗျူဟာရဲ့ အစိတ်အပိုင်းများဖြစ်ကြသော ဂြိုဟ်တု ( ၂ )လုံးအတွက် နောက်ထပ်အပို ဒုံးပျံသယ်ထိပ်ဖူးတစ်ခုရှိပါတယ်။

လုပ်ငန်းစီမံချက်ကို Starlink ဟု အမည်ပေးထားပြီး သူ့စကေးကတော့ နည်းနည်းနောနော မဟုတ်ပါဘူး။ လောလောဆယ်မှာ Musk အနေဖြင့် ကမ္ဘာမြေပြင်မှအတက်မိုင်ပေါင်း ၇၀၀ မှ ၈၀၀ အကြားတွင် ဂြိုဟ်သွားလမ်းကြောင်းတစ်ခု တည်ဆောက်ထားဖို့ မျှော်လင့်ထားပြီး အဆိုပါဂြိုဟ်သွားလမ်းထဲက ဂြိုဟ်တုတွေဟာ ဧရိယာအထဲသို့ အပြန်အလှန်ချိတ်ဆက်မှုပြုလုပ်သွားမှာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ဂြိုဟ်တုပေါင်း ၁၂၀၀၀ နီးပါး ပါဝင်ဖွဲ့စည်းထားနိုင်ပါတယ်။

နည်းဗျူဟာတွေကို ၂၁၀၅ တုန်းက မိတ်ဆက်ပေးထားတာကြောင့် Space X အနေဖြင့် သူတို့အကြောင်းကို သိပ်ပြီး မထုတ်ဖော်ခဲ့ပါဘူး။ Musk အနေနဲ့ Federal Communications Commission ရဲ့ ထောက်ခံချက်လိုအပ်မှုအတွက် ရိုးရိုးအခြေခံအုတ်မြစ်အပေါ် အသေးအမွှားကိစ္စတွေကြောင့် မှတ်တမ်းတွေပြထားပါတယ်။ FCC မှတ်တမ်းတွေကိုတော့ လူထုသိအောင် တရားဝင်ကြေငြာလိုက်ပြီဖြစ်ရာ Microsat-2a နှင့် Microsat-2b တို့ကို လွှတ်တင်နိုင်ဖို့ရန် Space X မှ ပြီးခဲ့တဲ့လ နိုဝင်လအတွင်းက ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပြီး ကော်ပိုရေးရှင်းအနေဖြင့် သူတို့ရဲ့ကွန်ယက်ကို စမ်းသပ်အသုံးပြုနိုင်ခဲ့ပါတယ်။

လုပ်ငန်းတာဝန်ကို အခုချိန်မှာ Vandenberg လေတပ်စန်းမှ ပြောင်းရွှေ့နေရာချထားပြီး Falcon 9 ဒုံးပျံကြောင့်ဖြစ်ပါတယ်။ တကယ်တော့ဒါဟာ စီစဉ်ထားတာထက် တစ်ရက်နောက်ကျသွားပါပြီ။ Space X အတွက် စိုးရိမ်စရာတစ်ခုက ရာသီဥတုပဲဖြစ်ပါတယ်။ ပြင်းထန်တဲ့လေတိုင်နှူန်းတွေက ဒုံးကျည်ရဲ့တက်မကို ဒုက္ခဖြစ်စေနိုင်တာကြောင့် ကြာသပတေးနေ့အထိ ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

Space X ဟာဆိုရင် သူတို့ပြန်လည်ပြုပြင်လိုက်သော ပထမအဆင့် ဒုံးကျည်အင်ဂျင်တစ်ခုကို အသုံးပြုနေတဲ့ အစိတ်အပိုင်းတစ်ခုထဲတွင် ရှိနေပြီး လွန်ခဲ့တဲ့သြဂုတ်လအတွင်းက အသုံးချခဲ့ပြီးဖြစ်ပါတယ်။ ဂြိုဟ်တုပစ်လွှတ်ပြီးနောက် Falcon ပထမဖွံ့ဖြိုးမှုတစ်ခုကို ကြိုးပမ်းပြီး အားပြန်လည်ဖြည့်တင်းဖို့ အစီအစဉ်မရှိခဲ့ပုံရတဲ့အကြောင်း Space X က ရှင်းလင်းဖော်ပြခဲ့ပါတယ်။ The Paz ဂြိုဟ်တုကတော့ လွှတ်တင်ပြိးသွားလို့ ၁၁ မိနစ်ဝန်းကျင်အတွင်း လှုပ်ရှားရန်ဖြန့်ကျက်ထားပုံရပေမယ့် ဒီဂြိုဟ်တုတွေရဲ့ အချိန်ကာလတစ်ခုအတွက် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး ဂြိုဟ်တုမပစ်လွှတ်ခင် ၁၅ မိနစ်ခန့်မှစ၍ တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်သွားမှာဖြစ်ပြီး ဒေသစံတော်ချိန် ၉ am မှ စတင်မယ်လို့ သိရပါတယ်။

Credit: Thawn Khai Ref: Source: Viral 4 Soul