စစ္ ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕တြင္ဒီဇင္ဘာလ(၁၈)ရက္ ၊ နံနက္(၁၁)နရီ ၃၀မိနစ္ခန႔္က ထမင္းခ်ိဳင့္ျပန္ယူရန္ဆိုင္ကယ္စီးလာေသာ အမ်ိဳးသမီးထံမီ ပိုက္ဆံအိတ္လုေျပးသူ(၂)ဦး ဖမ္းဆီးရမိေၾကာင္း ေရႊဘိုၿမိဳ႕မရဲစခန္းမႈး ဒုရဲမႉး သိန္းဆန္းဦး ထံမွသိရသည္။ျဖစ္စဥ္မွာ ဒီဇင္ဘာလ(၁၈)ရက္၊ နံနက္ (၁၁)နာရီ၊ ၃၀မိနစ္ခန႔္က တရားလိုသည္ ၎အလုပ္ လုပ္ေနသည့္ ဖိနပ္အေရာင္းဆိုင္မွ အမွတ္(၁)ရပ္ကြက္ရွိ ေနအိမ္သို႔ ထမင္းခ်ိဳင့္ယူရန္ ဆိုင္ကယ္ျဖင့္ လမ္းမေတာ္အတိုင္း ေတာင္မွေျမာက္သို႔ေတာင္မွေျမာက္သို႔ေမာင္းႏွင္လာၿပီး လမ္းေလးခြမီးပြိဳင့္မွ

ေရႊနိုင္ငံတည္းခိုခန္း လမ္းဘက္အေကြ႕အမွတ္(၂)ရပ္ကြက္ရွိ ျပည့္ဝပအာင္ကုန္စုံဆိုင္ေရွ႕တြင္ ေဘးခ်င္းကပ္ ေမာင္းႏွင္လာသည့္ အမည္မသိအမ်ိဳးသားႏွစ္ဦးစီးလာသည့္ ဆိုင္ကယ္မွ ေနာက္တြင္ထိုက္လာေသာ အမ်ိဳးသားက တရားလို၏ ဆိုင္ကယ္ဝယ္ဘက္ လက္ကိုင္တြင္ခ်ိတ္ထားေသာ ဖုန္းႏွင့္ပိုက္ဆံအိတ္ ထည့္ထားေသာ အဝါေရာင္ပလတ္စတစ္အိတ္အား လုယူထြက္ေျပးသြားသျဖင့္ ေအာ္ဟစ္အကူအညီ ေတာင္းခဲ့ရာ အမွတ္(၂)ရပ္ကြက္၊ ေဝဠဳဝန္တိုက္သစ္ေရွ႕အေရာက္တြင္ ရပ္ကြက္ေနျပည္သူမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ၎တို႔စီးႏွင္လာသည့္ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိ‌ခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ပိုက္ဆံအိတ္လုယူသူ ေရႊဘိုၿမိဳ႕အမွတ္(၁၀)ရပ္ကြက္ေန သီဟလင္း(သ) ၁၈ႏွစ္ႏွင့္ တစ္ရပ္ကြက္တည္းေန သူရလင္း(သ)၁၈ႏွစ္တို႔အား ေရႊဘိုၿမိဳ႕မရဲစခန္းမွ (ပ)၁၀၅၁/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈၂ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။ထြန္းျမင့္ေအာင္(ေရႊဘို)

Unicode

စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင်ဒီဇင်ဘာလ(၁၈)ရက် ၊ နံနက်(၁၁)နရီ ၃ဝမိနစ်ခန့်က ထမင်းချိုင့်ပြန်ယူရန်ဆိုင်ကယ်စီးလာသော အမျိုးသမီးထံမီ ပိုက်ဆံအိတ်လုပြေးသူ(၂)ဦး ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှူး သိန်းဆန်းဦး ထံမှသိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၁၈)ရက်၊ နံနက် (၁၁)နာရီ၊ ၃ဝမိနစ်ခန့်က တရားလိုသည် ၎င်းအလုပ် လုပ်နေသည့် ဖိနပ်အရောင်းဆိုင်မှ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်သို့ ထမင်းချိုင့်ယူရန် ဆိုင်ကယ်ဖြင့် လမ်းမတော်အတိုင်း တောင်မှမြောက်သို့တောင်မှမြောက်သို့မောင်းနှင်လာပြီး လမ်းလေးခွမီးပွိုင့်မှ

ရွှေနိုင်ငံတည်းခိုခန်း လမ်းဘက်အကွေ့အမှတ်(၂)ရပ်ကွက်ရှိ ပြည့်ဝပအာင်ကုန်စုံဆိုင်ရှေ့တွင် ဘေးချင်းကပ် မောင်းနှင်လာသည့် အမည်မသိအမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်မှ နောက်တွင်ထိုက်လာသော အမျိုးသားက တရားလို၏ ဆိုင်ကယ်ဝယ်ဘက် လက်ကိုင်တွင်ချိတ်ထားသော ဖုန်းနှင့်ပိုက်ဆံအိတ် ထည့်ထားသော အဝါရောင်ပလတ်စတစ်အိတ်အား လုယူထွက်ပြေးသွားသဖြင့် အော်ဟစ်အကူအညီ တောင်းခဲ့ရာ အမှတ်(၂)ရပ်ကွက်၊ ဝေဠုဝန်တိုက်သစ်ရှေ့အရောက်တွင် ရပ်ကွက်နေပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ၎င်းတို့စီးနှင်လာသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ‌ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုက်ဆံအိတ်လုယူသူ ရွှေဘိုမြို့အမှတ်(၁၀)ရပ်ကွက်နေ သီဟလင်း(သ) ၁၈နှစ်နှင့် တစ်ရပ်ကွက်တည်းနေ သူရလင်း(သ)၁၈နှစ်တို့အား ရွှေဘိုမြို့မရဲစခန်းမှ (ပ)၁၀၅၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ထွန်းမြင့်အောင်(ရွှေဘို)