ပီတိကိုစား အားရှိနေကြတာ ဆရာ/ဆရာမတွေပါ…..ဗုဒ္ဓဘာသာဝင်မြန်မာတို့ရဲ့ အနန္တောအနန္တငါးပါးထဲမှာလည်း ဆရာတွေက တစ်ပါးအပါအဝင် ဖြစ်ပါတယ်…ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး..ဘယ်လူတွေအတွက်မဆို ဆရာဆိုတာ အလေးအမြတ်ထားရမဲ့ သူတွေပဲ ဖြစ်ပါတယ်…ခုပြောချင်တာကတော့ အနာဂတ်အတွက် တန်ဖိုးရှိလာမဲ့ ကလေးတွေ လူငယ်တွေကို ပညာသင်ကြားပေးတဲ့ ဆရာမတွေရဲ့ အဆောင်ကို ယုတ်မာရိုင်းစိုင်းစွာ ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်…..

ဖြစ်စဉ်ကတော့ ဗန်းမော်မြို့က ရွာလေးတစ်ရွာဘက်မှာ ဆရာမလေး ၂ ယောက်တည်းအိပ်တဲ့ အဆောင်ကို ကျောင်းပိတ်ရက် စနေ တနင်္ဂနွေနေ့ ၂ ရက်အတွင်းမှာ ဝင်ရောက်ဖျက်ဆီးသွားတာပါ…ဒီအကြောင်းလေးကို လူမှုကွန်ရက်စာမျက်နှာမှာ ခုလိုပြောပြထားတာပါ…

“ကျောင်းရောက်ရောက်ချင်းအမော့ဆို့သွားတာပဲ စနေ တနင်္ဂနွေ နှစ်ရက်အတွင်းဖြစ်ပျက်သွားတာ …အိပ်တဲ့ဆရာမက နှစ်ယောက်ထဲပါဆို …အဲ့တိုင်းဆိုဘယ်လိုနေရဲတော့မလဲ …အကုန်ဖျက်ဆီးသွားတယ် …ဘာဆက်ရေးရမလဲတောင်မသိတော့ဘူး …ပစ္စည်းတွေပျောက်သွားရင်ဖြေသာပါသေးတယ် …လိုချင်လို့နေမှာပါဆိုပီး ဖြေလို့ရသေးတယ်.. ခုက အကုန်ဖျက်သွားတယ် လုပ်ရက်လိုက်ကြတာ …အဝေးမှာ တာဝန်ကျတဲ့ဆရာ/ဆရာမ တွေလည်း အားလုံးဂရုစိုက်ကြပါ…” ဆိုပြီးရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်…

ဖျက်ဆီးသွားပုံတွေကတော့ ကုတင်ပေါ်တွေ မှန်တွေပေါ်မှာ ညစ်ညမ်းဆဲဆိုတာတွေ ရေးခဲ့တာတွေ….. ဆန်ပုံးထဲကို ဆပ်ပြာတွေ ထည့်ခဲ့တာတွေ…..ပစ္စည်းတွေ ဖျက်ဆီးတာတွေကို ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း ယုတ်မာခဲ့ကြတာပဲ ဖြစ်ပါတယ်…
ခုလို ငယ်ရွယ်တဲ့ မိန်းမသား ဆရာမလေးတွေကို ထိပါးနှောင့်ယှက်တာဟာ တကယ့်ကို ရပ်ဝေးကနေ လာသင်နေကြတဲ့ ဆရာမလေးတွေအတွက် ထိတ်လန့်စရာပါ…

ဒီလိုလူမဆန်တဲ့ လူတွေကို ဖမ်းမိပြီး ဥပဒေ အရ အပြစ်ပေးသင့်ပါတယ်…အားလုံးပဲ ဒီလို အဖြစ်အပျက်မျိုးတွေ နောင်မဖြစ်အောင် ကူညီ မျှဝေပေးကြပါအုံးနော်..

Writer – HW (Shwe Yaung Lan)
Source : Yuan Hong Mei

Zawgyi

ပီတိကိုစား အားရွိေနၾကတာ ဆရာ/ဆရာမေတြပါ…..ဗုဒၶဘာသာဝင္ျမန္မာတို႔ရဲ့ အနေႏၲာအနႏၲငါးပါးထဲမွာလည္း ဆရာေတြက တစ္ပါးအပါအဝင္ ျဖစ္ပါတယ္…ဗုဒၶဘာသာဝင္မွ မဟုတ္ပါဘူး..ဘယ္လူေတြအတြက္မဆို ဆရာဆိုတာ အေလးအျမတ္ထားရမဲ့ သူေတြပဲ ျဖစ္ပါတယ္…ခုေျပာခ်င္တာကေတာ့ အနာဂတ္အတြက္ တန္ဖိုးရွိလာမဲ့ ကေလးေတြ လူငယ္ေတြကို ပညာသင္ၾကားေပးတဲ့ ဆရာမေတြရဲ့ အေဆာင္ကို ယုတ္မာရိုင္းစိုင္းစြာ ဝင္ေရာက္ ဖ်က္ဆီးခဲ့တဲ့အေၾကာင္းေလးပဲ ျဖစ္ပါတယ္…..

ျဖစ္စဥ္ကေတာ့ ဗန္းေမာ္ၿမိဳ႕က ရြာေလးတစ္ရြာဘက္မွာ ဆရာမေလး ၂ ေယာက္တည္းအိပ္တဲ့ အေဆာင္ကို ေက်ာင္းပိတ္ရက္ စေန တနဂၤေႏြေန႔ ၂ ရက္အတြင္းမွာ ဝင္ေရာက္ဖ်က္ဆီးသြားတာပါ…ဒီအေၾကာင္းေလးကို လူမႈကြန္ရက္စာမ်က္ႏွာမွာ ခုလိုေျပာျပထားတာပါ…

“ေက်ာင္းေရာက္ေရာက္ခ်င္းအေမာ့ဆို႔သြားတာပဲ စေန တနဂၤေႏြ ႏွစ္ရက္အတြင္းျဖစ္ပ်က္သြားတာ …အိပ္တဲ့ဆရာမက ႏွစ္ေယာက္ထဲပါဆို …အဲ့တိုင္းဆိုဘယ္လိုေနရဲေတာ့မလဲ …အကုန္ဖ်က္ဆီးသြားတယ္ …ဘာဆက္ေရးရမလဲေတာင္မသိေတာ့ဘူး …ပစၥည္းေတြေပ်ာက္သြားရင္ေျဖသာပါေသးတယ္ …လိုခ်င္လို႔ေနမွာပါဆိုပီး ေျဖလို႔ရေသးတယ္.. ခုက အကုန္ဖ်က္သြားတယ္ လုပ္ရက္လိုက္ၾကတာ …အေဝးမွာ တာဝန္က်တဲ့ဆရာ/ဆရာမ ေတြလည္း အားလုံးဂ႐ုစိုက္ၾကပါ…” ဆိုၿပီးေရးသားေဖာ္ျပထားတာပဲ ျဖစ္ပါတယ္…

ဖ်က္ဆီးသြားပုံေတြကေတာ့ ကုတင္ေပၚေတြ မွန္ေတြေပၚမွာ ညစ္ညမ္းဆဲဆိုတာေတြ ေရးခဲ့တာေတြ….. ဆန္ပုံးထဲကို ဆပ္ျပာေတြ ထည့္ခဲ့တာေတြ…..ပစၥည္းေတြ ဖ်က္ဆီးတာေတြကို ပုံေတြထဲမွာ ျမင္ရတဲ့အတိုင္း ယုတ္မာခဲ့ၾကတာပဲ ျဖစ္ပါတယ္…
ခုလို ငယ္ရြယ္တဲ့ မိန္းမသား ဆရာမေလးေတြကို ထိပါးေႏွာင့္ယွက္တာဟာ တကယ့္ကို ရပ္ေဝးကေန လာသင္ေနၾကတဲ့ ဆရာမေလးေတြအတြက္ ထိတ္လန႔္စရာပါ…

ဒီလိုလူမဆန္တဲ့ လူေတြကို ဖမ္းမိၿပီး ဥပေဒ အရ အျပစ္ေပးသင့္ပါတယ္…အားလုံးပဲ ဒီလို အျဖစ္အပ်က္မ်ိဳးေတြ ေနာင္မျဖစ္ေအာင္ ကူညီ မၽွေဝေပးၾကပါအုံးေနာ္..

Writer – HW (Shwe Yaung Lan)
Source : Yuan Hong Mei