အစ်မ ရေ … အထူးအဆန််း Case တခုု ရောက်လာပြန်ပြီ။ ဟေ … ဘာများလဲ။

ကလေး က တနှှစ်ကျော်။ လမ်းလျှောက်ခါစ။ အမေက ထိန်းနေရာက ခဏထပြီး ရေသောက်တာ။ အဲဒီအချိန် ဘေးနားက ဘီဒိိုအံဆွဲထဲက Super glue ကို ဖွင့်ပြီး ပါးစပ်ထဲထည့်လို့။

ချက်ချင်းဆွဲလိုက်ပေမယ့် မမီလိုက်ဘူးတဲ့ ။ ခု ကြည့်လိုက်တော့ … အာခေါင်မှာရယ် လျှာပေါ်ရယ် ခြောက်ပြီးကပ်နေတယ်။

အင်း … ဖြစ်ရမယ်။ ကဲဲ ကဲ … ခုချက်ချင််း စာရှာဖတ်ကြဦး။ ဘယ်လိို Toxicity (အဆိပ်သင့်ခြင်း) ရနိုင်သလဲ။ ဘယ်လို ကုသမှုပေးရမလဲ ဆိုတာ။

Super Glue မှာ Cyanoacrylates ဆိိုတဲ့ ဓာတုပစ္စည်း အဓိက ပါဝင်ပါတယ်။

ကပ်အားအလွန်ကောင်းတဲ့ ဓာတုပစ္စည်းမို့ မတော်တဆ သူနဲ့ထိမိတဲ့အခါ အရေပြားအချင်းချင်း ပူးကပ်သွားတာ…

ဦးရေပြားနဲ့ဆံပင်မှာ ထွေးကပ်သွားတာ … ပါးစပ်ထဲဝင်သွားတဲ့အခါ … မျက်စိထဲဝင်ပြီး မျက်လုံးပိတ်သွားတာ …

မျက်စိမျက်ကြည်လွှာထိခိုက်ပြီး အမြင်အာရုံကွယ်သွားတာ … တွေထိ ဖြစ်နိုင်ပါတယ်။

အမြန်ခြောက်သွားတတ်တဲ့ သဘာဝကြောင့် ပါးစပ်ထဲဝင်သွားခဲ့ရင် မြိုချမိတဲ့ထိဖြစ်ခဲပါတယ်။ ပါးစောင် အာခေါင် လျှာပေါ်မှာ ခြောက်ပြီး ကပ်သွားနိုင်ပါတယ်။

”First aid measure” Super Glue နဲ့ ကပ်မိိရင် အရေးပေါ် ဘာလုပ်ပေးနိုင်လဲ။

အရေပြားမှာ ကပ်ခဲ့ရင််မပြာပါနဲ့။ကပ််နေတဲ့အရေပြားကို ဇွတ်ဆွဲမခွာပါနဲ့။ အရေပြား ထိခိုက်ပွန်းပဲ့နိုင်ပါတယ်။

ကပ်နေတဲ့နေရာကိို ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) ရွှဲရွှဲလူးပေးထားပါ။ အဲဒါမရှိရင် ဆပ်ပြာနဲ့ရေနွေးနွေးနဲ့ စိမ်ထားပါ။

အရေပြားကို ရှေ့နောက်အသာအယာ ပွတ်ဆွဲလှိမ့်ပြီး အနားတွေကစပြီး ကပ်နေတဲ့ကော်ကို ငြင်ငြင်သာသာခွာကြည့်ပါ။

တခါနဲ့မရရင်် ဆီပြန်လူးပြီး ထပ်ခါထပ်ခါ ကြိုးစားကြည့်ပါ။ ချောမွတ်တဲ့ပစ္စည်းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ်နေတဲ့ကြားကထားပြီး အသာဆွဲဟကြည့်ပါ။ ခွာလို့ရသွားပြီးရင် ခြောက်သွေ့အက်ကွဲတာကာကွယ်ဖို့ အစိုဓာတ်ထိန်းတဲ့ ခရင် တခုခုလိမ်းပေးပါ။

မျက်စိိထဲ ဝင်တဲ့အခါမပြာပါနဲ့။မျက်ခွံကို ဇွတ်ဆွဲမခွာပါနဲ့။ ဒဏ်ရာရသွားနိုင်ပါတယ်။ကော်ဝင်သွားတဲ့မျက်စိကို ရေနွေးနွေးနဲ့ ချက်ချင်းဆေးပါ။

ရေဆွတ်ထားတဲ့အဝတ် သို့ ပတ်တီးနဲ့ အသာအုပ်ထားပြီး မျက်စိဆရာဝန်ထံ သွားပါ။

တကယ်လို့ ပြစရာမျက်စိိဆရာဝန်မရှိရင်လည်း ပြာပြီး လုပ်မိလုပ်ရာမလုပ်ပါနဲ့။ များသောအားဖြင့် ၁-၄ ရက်အတွင်း အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။

ဆံံပင်နဲ့ဦးရေပြားရေနွေးနွေးနဲ့ ခေါင်းလျှော််ပါ။

Vegetable oil ဟင်းသီးဟင််းရွက်ဆီ သို့ Body oil ကိုယ်လိမ်းဆီ တမျိုးမျိုး ရွှဲရွှဲလူးပေးပါ။ တရက် နှစ်ရက်နေရင် အလိုလိုကွာကျသွားပါမယ်။ သိပ်လုံးထွေးနေရင် ဆံပင်ကို အသာလေး ရိတ်ပစ်လို့ရပါတယ်။

ပါးစပ်နဲဲ့နှုတ်ခမ်းဇွတ်ဆွဲမခွာပါနဲ့။ရေနွေးများများနဲ့ အသာဆေးပါ။

ပါးစပ်ထဲဲကပ်နေတဲ့ကော်ကို ပါးစပ်ထဲကသွားရေနဲ့ပဲ စိုအောင်လုပ်ပြီး လျှာကပွတ်တွန်းပေးပါ။ (ကလေးငယ်တွေကတော့ မလုပ်တတ်လောက်ဘူး။)

တရက်နှစ်ရက်နေလိို့ ကွာလာတဲ့အခါ မြိုမချမိဖို့ သတိထားရပါမယ်။ (ဒါလည်း ကလေးငယ်တွေအဖို့ ခက်ခဲမယ်။)

ရှာဖတ်ကြည့်တဲဲ့အခါ …

Super glue မျက်စိထဲဝင်ပြီး မျက်ကြည်လွှာပေါက်ပြီး မျက်စိကွယ်သွားတဲ့ကလေး …

ပါးစပ်အဝကပ်သွားပြီး အသက်ရှူခက်ပြီး ဆေးရုံံရောက်လာတဲ့ကလေး …

ခြောက်နေတဲ့ကော်စက လေပြွန်ထဲ ဝင်သွားပြီး အဆုတ်ရောင်ဖြစ် … လေပြွန်ထဲ မှန်ပြောင်းထည့်ပြီး ကော်ခြောက်အစအနတွေ ထုတ်ပစ်ရတဲ့ကလေး …အဲဒီလို ဇာတ်လမ်းတွေ မနည်းမနောပဲကိုး။

ဒါကြောင့်် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ”Safety is first” ဖြစ်ပါတယ် … အန္တရာယ်ဟာဘာလဲ မသိသေးတဲ့ ကလေးငယ်တွေအတွက် ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုဖြစ်တယ် … ဆိုတာလေး သတိချပ်စေချင်ပါတယ်။

ချစ်စရာရင်သွေးတိို့ ဘေးကင်းကြပါစေ။ ။

ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)