တ ရုတ်နိုင်ငံ၊ စီပြည်နယ်မှာနေထိုင်တဲ့ Xu မိသားစုကတော့ ကလေးငယ်တစ်ဦးကို ဂဃနဏမစုံစမ်းဘဲ မွေးစားမိလိုက်တာကြောင့် အခုဆိုရင် ပြဿနာတွေ ရင်ဆိုင်နေရပြီလို့ သိရပါတယ်။ ဒီအကြောင်း Mirror သတင်းက ဖော်ပြထားပြီး၊ AlinnMyay က ဘာသာပြန်လိုက်တာပါ။

အဆိုပါကလေးဟာ (၂၀၁၆)ခုနှစ်တုန်းက ကလေးမိခင်က သူတို့မှာ ဆင်းရဲတဲ့အတွက် ကောင်းကောင်း စောင့်ရှောက်နိုင်မှာမဟုတ်ဘူးဟုဆိုကာ Xu မိသားစုထံကို ပေါင် (၇၅၀၀)နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ရဲတပ်ဖွဲ့က Xu မိသားစုကို ဖမ်းဆီးထားပါတယ်။

နောက်ပြီး ကလေးကို ရောင်းချသွားသူဟာ ကလေးမိခင်အရင်းမဟုတ်ဘဲ၊ ပြန်ပေးဆွဲပြီး ရောင်းချသွားသူဖြစ်လို့ တရားခံကိုလည်း ရှာဖွေနေပါတယ်။ နောက်ပြီး ကလေးမိဘတွေကိုလည်း ပြန်လည်ရှာဖွေနေပြီး၊ လက်ရှိအချိန်ထိတော့ သူတို့ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ကလေးကို မစူးစမ်းမဆင်ခြင်ပဲ မွေးစားထားတဲ့သူတွေကတော့ Xu နဲ့ ဇနီး Zhang တို့ဖြစ်ပြီး၊ သူတို့နှစ်ယောက်စလုံး အသက်(၃၂)နှစ်စီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကံဆိုးစွာပဲ ကလေးရယူနိုင်သူတွေ မဟုတ်ကြလို့ အခုလို သမီးလေးကို မွေးစားခဲ့တာပါ။

Ci County Child Welfare Institute ကတော့ ကလေးမလေးရဲ့ပုံကို ရိုက်နှိပ်ထုတ်ဝေပြီး၊ မိဘတွေ လာရောက်ဆက်သွယ်ဖို့ ကြေညာထားပါတယ်။ ကလေးကို သူတို့ဌာနကပဲ လောလောဆယ် စောင့်ရှောက်ထားပါတယ်။ ကလေးမိဘတွေ မပေါ်ဘူးဆိုရင် Xu မိသားစုက မွေးစားချင်ကြောင်း လျှောက်လွှာကိုလည်း သက်ဆုုိင်ရာက ပယ်ချထားပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)