ဒီ ဇင်ဘာလဟာ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်ပြီး အေးချမ်းတဲ့လလေးတစ်လလည်းဖြစ်ပါတယ်။ ပူလောင်မှုတွေမရှိတဲ့ဒီဇင်ဘာလလေးကို သဘောမကျတဲ့သူ၊ မနှစ်သက်တဲ့သူဆိုတာမရှိသလောက်ပါပဲ။ ဒီလလေးကချစ်စရာကောင်းသလို ဒီလမှာမွေးတဲ့သူလေးတွေကလည်း ဆွဲဆောင်မှုရှိတဲ့သူလေးတွေဖြစ်နေပြန်ပါတယ်။ ဒီဇင်ဘာလမှာမွေးတဲ့သူလေးတွေမှာ ဘယ်လိုအားသာချက်လေးတွေများရှိနေမလဲ ဖတ်ကြည့်လိုက်ရအောင်။

ဦးဆောင်နိုင်တယ်

ဒီလမှာမွေးတဲ့သူလေးတွေဟာ ကိုယ့်ကိုယ်ကိုတည့်မတ်ထိန်းကျောင်းနိုင်ရုံမက တခြားသူတွေကိုပါ ဦးဆောင််နိုင်တဲ့အရည်အချင်းရှိတယ်။ ကိုယ့်မိတ်ဆွေတွေ အပေါင်းအသင်းတွေ လမ်းမှာမရောက်အောင်လည်း အမြဲလမ်းပြပေးတတ်သူတွေဖြစ်တယ်။

ရိုးသားတယ်

တစ်ဖက်သားအပေါ် အကောက်ကြံတာ၊နောက်ကျောဓားနဲ့ထိုးတာတွေ မလုပ်တတ်တဲ့၊ ရိုးသားတဲ့ အကျင့်စာရိတ္တရှိသူ ဒီဇင်ဘာလဖွားလေးတွေပါ။

တက်ကြွတယ်

ဘာပဲလုပ်လုပ်တက်တက်ကြွကြွလုပ်တတ်တယ်။ သူတို့ကိုကြည့်လိုက်ရင် စိတ်ညစ်ညူးနေတာမျိုးဆိုတာ တော်တော််လေးရှာပြီး တတ်နိုင်သလောက ်တက်တက်ကြွကြွနေတတ်တယ်။

စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်

ကိုယ်လုပ်မယ့်အရာတွေနဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရတဲ့အခါ စဉ်းစားဆင်ခြင်ဉာဏ်မဲ့ တဇွတ်ထိုးလုပ်တာမျိုးမရှိဘူး။ ဘာမဆို ဉာဏ်နဲ့ယှဉ်ပြီးလုပ်တတ်ကြတယ်။

ကြင်နာတတ်တယ်

ကိုယ့်ထက်အားနည်းတဲ့သူကို နိုင်ထက်စီးနင်းလုပ်တာမျိုးမရှိဘူး။ အားလုံးအပေါ် မျှမျှတတဆက်ဆံတတ်ပြီး ကြင်နာတတ်တဲ့စိတ်ထားလေးကို ပိုင်ဆိုင်ထားတယ်။

သစ္စာရှိတယ်

ချစ်ရတဲ့သူ၊ ခင်ရတဲ့သူတွေအပေါ် ဘယ်တော့မှ သစ္စာမဖောက်တတ်ဘူး။ နောက်ကျောဓားနဲ့ထိုးတာမျိုးတွေမလုပ်ဘူး။ သစ္စာရှိတဲ့သူလေးတွေပေါ့။

သီးသန့်ဆန်တယ်

တွေ့တဲ့လူတိုင်းနဲ့ရောရောနှောနှောမနေတတ်ဘဲ ကိုယ့်အထာလေးနဲ့ကိုယ်နေတတ်တဲ့သူတွေ၊ ကိုယ့်ကိုသဘောမကျဘူးလို့ထင်ရင် လုံးဝသွားမရောတတ်တဲ့သူတွေ၊ သီးသန့်ဆန််တဲ့သူလေးတွေဖြစ်ပါတယ်။

ခေါင်းမာတယ်

လုပ်မယ်လို့ဆုံးဖြတ်ထားတာဆို လုပ်လိုက်ရမှဆိုတဲ့သူလေးတွေက ဒီဇင်ဘာလမှာမွေးတဲ့သူတွေပေါ့။ ခေါင်းမာတဲ့အကျင့်က ဆိုးတယ်လို့ထင်ရပေမယ့် ကိုယ်ယုံကြည်ရာကိုစွဲစွဲမြဲမြဲဆုပ်ကိုင်တတ်တဲ့ အကျင့်လေးဖြစ်စေတာကတော့ ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒီလိုခေါင်းမာပြီး ကိုယ်ယုံကြည်ရာကိုစွဲမြဲတဲ့အကျင့်ရှိတော့ ကိုယ့်ရည်မှန်းချက်ကိုပေါက်မြောက်အောင်လုပ်နိုင်တာပေါ့။

written by PP