မိန်းမသားတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးက အလှအပလို့ထင်ခဲ့ဖူးသလို ဘယ်သူ့ကိုမှအားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့လို့လည်း ထင်ခဲ့ဖူးတယ်။ တကယ်တော့ မိန်းမသားတစ်ယောက်အတွက် ဘဝမှာ အလိုအပ်ဆုံးအရာ၊ အရေးကြီးဆုံးအရာတွေက ဒါတွေပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှု

မိန်းမသားတစ်ယောက်အဖို့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်တယ်၊ ပြဿနာတွေကိုကိုယ်တိုင်ကိုယ်ကျဖြေရှင်းနိုင်တယ်၊ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်ရပ်တည်နိုင်တယ် ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုမျိုးရှိဖို့လိုုအပ််ပါတယ်။

ရိုးသားမှု

မိမိကိုယ်ကိုရိုးသားခြင်း၊ မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေအပေါ်ရိုးသားခြင်း၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်ရိုးသားခြင်း၊ မိမိအလုပ်နဲ့ပတ်သက်လို့ ရိုးသားခြင်း စတဲ့ ရိုးသားမှုဂုဏ်ဟာလည်း မရှိမဖြစ်လိုအပ်ပါတယ်။

ကိုယ်ကျင့်တရားကောင်းခြင်း

ငွေကြေး၊ ဂုဏ်ဒြပ်တွေအတွက် မိမိကိုယ်ကျင့်တရားကို အပျက်မခံဖို့၊ ဘာအတွက်ကြောင့်မှ ကိုယ်ကျင့်တရားမပျက်ယွင်းအောင် ထိန်းသိမ်းတတ်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်မှု

ကိုယ့်ဘေးမှာ ဘယ်သူမှမရှိလည်း ကိုယ့်အတွက်ကိုယ်ရပ်တည်နိုင်ဖို့၊ မိမိကိုယ်ကိုအဖော်ပြုပြီးနေနိုင်ဖို့၊ ကြုံလာတဲ့အခက်အခဲပြဿနာတွေကို သတ္တိရှိရှိရင်ဆိုင်ရဲဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ လိုပါတယ်။

ကြင်နာတတ်မှု

ကြင်နာတတ်ခြင်းက မိန်းမသားတို့ရဲ့ မွေးရာပါ အရည်အသွေးတစ်ခုဖြစ်သလို၊ မိန်းမသားတစ်ယောက်ရှိသင့်တဲ့ အရည်အချင်းတစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ မိန်းမသားတစ်ယောက်အဖို့ မိခင်တစ်ယောက်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ကြင်နာတတ်တဲ့စိတ်ထားမျိုးရှိဖို့လိုပါတယ်။

written by PP