သန်မာသူအမျိုးသမီးများဟာ တစ်ယောက်ယောက်ရဲ့ရွေးချယ်ခံဘဝမျိုးထက် ကိုယ်ကပဲရွေးချယ်သူဖြစ်ချင်ကြတာပါ။ အဲ့လိုရွေးချယ်ရာမှာလည်း အရာအားလုံးထက် ကိုယ့်ကိုယ်ကိုပဲအလေးပေးရွေးချယ်ပြီး ကိုယ့်အတွက်ကိုပဲရှင်သန်ချင်ကြတာပါ။
ကိုယ့်ဘဝတိုးတက်ဖို့ကိုပဲအာရုံစိုက်လို့

သူတို့တွေဟာ သူငါ့ကိုတကယ်ချစ်ရဲ့လား၊ သူ့မှာနောက်တစ်ယောက်ရှိနေလား၊ သူငါ့ကိုထားသွားမလား ဆိုတဲ့အတွေးမျိုးတွေကို လုံးဝမတွေးချင်ဘူး။ အဲ့ဒါတွေတွေးမယ့်အစား ကိုယ့်ဘဝကိုဘယ်လိုတိုးတက်အောင်တည်ဆောက်မလဲ၊ တစ်နေ့ထက်တစ်နေ့ ပိုပိုအောင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုပဲ တွေးချင်ကြတာပါ၊ တွေးကြတာပါ။
ကိုယ့်အပေါ်ကောင်းဖို့မသေချာတဲ့လူတစ်ယောက်အတွက်အချိန်မဖြုန်းချင်လို့
pixabay

လူတစ်ယောက်ကိုချစ်တဲ့အခါ သူကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပေးဆပ်ပြီးချစ်သင့်တယ်လို့ တချို့လူတွေက ပြောတတ်ကြပါတယ််။ စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတွေကတော့ အဲ့ဒီလိုမတွေးပါဘူး။ ကိုယ်ချစ်မိလိုက်တဲ့သူက ကိုယ့်အပေါ်မကောင်းဘူး၊ သစ္စာမရှိဘူးဆိုရင် ကိုယ်ပဲနာကျင်ခံစားရမယ်၊ အချိန်တွေကုန်မယ်၊ စိတ်ထိခိုက်မယ်၊ ဒါကြောင့် ဒီအတွက် အချိန်မဖြုန်းချင်လို့ တစ်ယောက်တည်းပဲနေတာပါ။
တစ်ယောက်တည်းအထီးကျန်ရတာထက် တစ်ယောက်ယောက်ကြောင့်နာကျင်ရမှာကို မလိုချင်လို့

တစ်ယောက်တည်းသမားတွေကိုတွေ့ရင် အထီးကျန်မှာမကြောက်ဘူးလားလို့ လူတွေက မေးတတ်ကြပါတယ်။ တကယ်တော့ တစ်ယောက်တည်းအထီးကျန်နေရတာထက် တစ်ယောက်ယောက်ကြောင့်နာကျင်ရတာကိုမလိုချင်လို့ကို တစ်ယောက်တည်းနေနေကြတာပါ။

written by PP