ဘဝ မှာ ကို်ယ့်အတွက်အချစ်စစ်ကိုရှာတွေ့ဖို့ခက်သလို၊ ကိုယ့်ကိုတစ်သက်လုံးစိတ်ချမ်းသာစေမယ့် လက်တွဲဖော်ဆိုတာကို ရှာတွေ့ဖို့လည်း အရမ်းခက်ပါတယ်။ ဆုံးဖြတ်ချက်မှားသွားခဲ့ရင် ပြင်လို့ရတယ်ဆိုပေမယ့် မမှားခင်ကတည်းက ကြိုတင်တားဆီးနိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးအနေနဲ့ ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ ဒီလိုလူမျိုးတွေကို လုံးဝရှောင်ပါလို့ ပြောချင်ပါတယ်။

ကလေးဆန်လွန်းသူ

အချစ်သက်သက်ပဲဆိုရင် သူ ကလေးဆန်တာ၊ လူကြီးဆန််တာတွေက သိပ်အရေးမကြီးပါဘူး။ ဘဝလက်တွဲဖော်အဖြစ်စဉ်းစားမယ် ဆိုရင်တော့ ဒါကိုထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။ ကလေးဆန်လွန်းပြီး မရင့်ကျက်တဲ့သူတစ်ယောက်က လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ ခက်ခဲတာကြောင့် ကိုယ်ကချည်းပဲအရာအားလုံးဖြေရှင်းနေရပါလိမ့်မယ်။

ခံစားချက်ကိုရှေ့တန်းတင်လွန်းသူ

လူသားတွေမို့ ခံစားချက်တွေရှိကြတယ်ဆိုပေမယ့် အချိန်တိုင်းအမြဲတမ်းကြီး ခံစားချက်ကိုရှေ့တန်းတင်နေပြီး လုပ်သင့်တဲ့အလုပ်တွေမလုပ်ဘဲ နေ့ရွှေ့ညရွှေ့ရွှေ့မယ်၊ အကြောင်းပြချက်တွေပေးပြီး အလုပ်မကြိုးစားဘဲနေမယ်ဆိုရင် ကြီးပွားတိုးတက်မှာလည်းမဟုတ်သလို၊ အဆင်ပြေလည်းမပြေနိုင်ပါဘူး။

လစ်လျူရှုလွန်းသူ

ချစ်သူဘဝမှာတောင် ကိုယ့်ကို လစ်လျူရှုပြီးနေနိုင်ရင် နောက်ဆိုပိုပြီးဆိုးမှာပါ။ မျက်စိအောက်ကအပျောက်မခံနိုင်၊ အချိန်တိုင်း သည်းသည်းလှုပ်ချစ်ပြနေစရာမလိုပါဘူး။ ထိုက်သင့်တဲ့ဂရုစိုက်မှုတော့ရှိဖို့လိုပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ်ဘာဖြစ်ဖြစ်၊ ဘယ်ရောက်ရောက် စိတ်လည်းမပူ၊ဂရုလည်းမစိုက်ဘူးဆိုရင်တော့ ဒီလိုလူကိုလုံးဝမရွေးချယ်သင့်ပါဘူး။

ငြီးငြူတတ်လွန်းသူ

ငြီးငြူတတ်တဲ့သူတစ်ယောက်က အဆင်မပြေမှုလေးနည်းနည်းဖြစ်တိုင်း မခံမရပ်နိုင်အောင်ငြီးငြူတာကလွဲပြီး ဘာကိုမှအဆင်ပြေအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုလူမျိုးကိုရွေးချယ်ရင်လည်း ဖြစ်လာသမျှပြဿနာအားလုံးကို ကိုယ်ပဲဒိုင်ခံရှင်းနေရမှာပါ။

မိန်းကလေးတိုင်းနဲ့သိနေသူ

ဘယ်နေရာရောက်ရောက် မိန််းကလေးတွေနဲ့သိနေသူ၊ မိန်းကလေးတွေနဲ့ ရောထွေးနေတတ်တဲ့သူ၊ အလုပ်ကိစ္စမို့၊ လူမှုရေးရှိလို့ အဲ့လိုမျိုးအကြောင်းပြချက်မျိုးစုံပေးပြီး မိန်းကလေးတွေနဲ့ရောထွေးနေတတ်သူတွေကိုရွေးမိရင် ကိုယ်ပဲသံသယတွေနဲ့ပူလောင်ခံစားရမှာပါ။

တစ်ကိုယ်ကောင်းဆန်လွန်းသူ

ချစ်သူတွေဆိုတာ တစ်ယောက်တည်းက အမြဲအလျှော့ပေးပြီး တစ်ယောက်က အမြဲအနိုင်ယူနေရမှာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်မျှမျှတတတွေးတတ်ကြရမှာပါ။ ကိုယ့်ဘက်ကလည်း အလိုက်တသိနဲ့သူ့ဘက်ကိုကြည့်ပေးတတ်ဖို့လိုသလို၊ သူ့ဘက်ကလည်း ဒီသဘောကိုနားလည်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်ကချည်းအမြဲအလျှော့ပေး၊အရှုံးပေးနေရတဲ့ တစ်ဖက်သတ်ဆက်ဆံရေးမျိုးဖြစ်နေမယ်၊ သူက တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူဖြစ်နေမယ်ဆိုရင် လုံးဝမရွေးချယ်သင့်ပါဘူး။

written by PP