ကြက်သွန် နီ ကြက်သွန်ဖြူတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ရင်သားကင် ဆာဖြစ်နိုင်ခြေနည်းစေတယ်လို့ အမေရိ ကန်နဲ့ ပူအာတိုရီကိုက သိပ္ပံသုတေသီ တွေက ဆိုပါတယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူတွေကို အစိမ်းအတိုင်းစားပေး တာ၊ ဟင်းတွေမှာ ထည့်ချက်ပြီး စားသုံး တာမျိုးတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေ တယ်လို့ လေ့လာမှုမှာ ဖော်ပြထားခဲ့ပါ တယ်။

အ သက် ၃၀ ကနေ ၇၉ နှစ်ကြား အမျိုးသမီး ၆၀၀ ကျော်နဲ့ လေ့လာခဲ့တာ ဖြစ်ပြီး ဒီထဲက ၄၇ ရာခိုင်နှုန်းသောအမျိုး သမီးတွေက ကင်ဆာကုသမှုခံယူနေရသူ တွေလည်း ပါရှိပါတယ်။ သုတေသီတွေ က ဒီအမျိုးသမီးတွေကို စားသောက် နေ ထိုင်မှုပုံစံတွေအကြောင်း အထူးမေးခွန်း တွေဖြေဆိုစေခဲ့ကာ ဆန်းစစ်လေ့လာခဲ့ ကြတာဖြစ်ပါတယ်။

ဖြေဆိုမှုတွေအရ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ ပုံမှန် စားသုံးနေခဲ့တဲ့ အမျိုးသမီးတွေမှာ ရင် သားကင်ဆာဖြစ်နိုင်ခြေနည်းပါးစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ကြပြီး ပုံမှန်စား သုံးသင့်တဲ့ပမာဏအတိအကျကိုပါ ဆက်လက်လေ့လာသွားမယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ရင်သားကင်ဆာ က အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး WHO ရဲ့ထုတ်ပြန်ချက် အရ နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာ ဖြစ်ပွားနေသူ နှစ်သန်းကျော်ရှိနေတယ် လို့ သိရပါတယ်။

(DM, 3.10.19) သံသာ