၁။ မြွေကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ

အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့် ပုံစံနဲ့ လိုက်လာလို့ ကြောက်လန့်တကြား ထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ် ဆိုရင် သင့်ထံသို့ ကံမကောင်းတဲ့ ကိစ္စရပ်တစ်ခု မကြာခင်ရောက်ရှိလာတော့မှာလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၂။ မြွေနဲ့ တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင်

သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။

၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင်

အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင် အချိန်မှာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေ ရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၄။ မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာ သင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲဆုံး ပြဿနာတွေကို ယုံကြည်ချက် အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့ အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ်။

၅။ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ

အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၆။ မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်က ပြင်းပြင်းထန်ထန် လိုက်ကိုက်ပြီး သင် ဒဏ်ရာရသွားတယ်လို့မြင်မက်တယ်ဆိုရင် ဘယ်လိုမှ ရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီး ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီလို အိပ်မက်မျိုးမြင်မက်ပြီးပြီ ဆိုရင် မပေါ့ဆသင့်ပဲသတိကြီးစွာနေထိုင်သင့်ပါတယ်။

၇။ မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင်

မြွေအချင်းချင်း ရန်သတ်နေတာကို အိပ်မက်မြင်မက်တယ် ဆိုရင် သင်ပေါင်းသင်းနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေထဲမှာ သင့်ကို မလိုမုန်းထားသူ ရှိနေပြီလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။