ပ ရိသတ်ကြီးရေ တကယ့်ထူးခြားသတင်းလေးပါ..မြင်နေတွေ့နေကြမဟုတ်ဘဲ မြင်ရတွေ့ရခဲတဲ့ ကြယ်မိုးရွာခြင်းကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ညမှာ ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်…

ဒီဖြစ်စဉ်လေးကတော့ မှာတော့ ကြယ်မိုး ရွာခြင်း ဖြစ်စဉ်တွေ ထဲ က အများဆုံး မြင်ရတဲ့ Geminids Meteor Shower ဖြစ်စဉ်လေးပဲ ဖြစ်ပါတယ်……

ဒီကြယ်မိုးတွေဟာ 3200 Phaethon လို့ ခေါ်တဲ့ ဥက္ကာပျံ က နေ ကျန်ရစ်ခဲ့တဲ့ အပိုင်းအစ လေးတွေ ကြောင့် ဖြစ်ပေါ်လာတာလို့ သိရပါတယ်…

မြင်ရမဲ့အချိန်တွေကတော့ ဒီဇင်ဘာ ၁၃ ရက် နဲ့ ၁၄ ရက် ည သန်းခေါင် ကနေ နံနက် အရုဏ်မတက်ခင် အချိန်ထိ အများဆုံး မြင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်…

နောက်ပြီး ၁ နာရီကို ၁၀၀ လောက်မြင်ရမှာလို့လည်း ဆိုပါတယ်…..လအလင်းရောင်က ကြယ်မိုးရွာတာကြည့်တာကို အနှောင့်အယှက်ပေးနိုင်တာကြောင့် Geminids Meteor Shower ကို ကြည့် ရှုမယ်ဆိုရင် အလင်းရောင် နည်းပါးတဲ့ နေရာကနေ အရှေ့ဖက် ကောင်းကင်ကို စောင့်ကြည့်နိုင်တယ်လို့ သိရပါတယ်…

ဒီည မအိပ်သေးတဲ့ ပရိသတ်တွေရှိရင်လည်း သန်းခေါင်လောက်ကျရင် ကြယ်မိုးရွာတာကို စောင့်ကြည့်ကြဖို့ မမေ့နဲ့နော်…

Writer – HW (Shwe Yaung Lan)
Source : MASES/MZM