မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော အဆိုပြိုင်ပွဲကြီးဖြစ်တဲ့ Myanmar Idol အစီအဉ်ဟာ အခုဆိုရင် ၄ ကြိမ်မြောက်ကျင်းပလျက်ရှိပါတယ်။ အမြို့မြို့အနယ်နယ်က ဝါသနာရှင်တွေထဲကမှ ရွေးထုတ်ပြီး မြေတောင်မြှောက်ပေးတဲ့ ပွဲတစ်ခုလဲဖြစ်ပါတယ်။ ခုချိန်မှာတော့ Top 5 အဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလို ယှဉ်ပြိုင်မှု အားကြီးတဲ့ ပြိုင်ပွဲကြီးမှာတော့ Benjamin Sum ဆိုတဲ့ ချင်းတိုင်းရင်းသားလေးဟာလည်း တစ်ပြေးနေသူတစ်ဦးလေးလည်း ဖြစ်ပါတယ်။ သူ့ကို အားပေးတဲ့ ပရိတ်သတ်ဟာလည်း ကြီးမားတဲ့ ပရိတ်သတ်ကြီးလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲစဉ်မှာ Benjamin Sum ကို အားပေးတဲ့ ပရိတ်သတ်ထဲမှာ ထူးခြားတဲ့ ပရိတ်သတ် ၃ ဦးကို တွေ့ခဲ့ရပါတယ်။ သူတို့ကတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ သွန်းဆက်၊ ယုသန္တာတင်နဲ့ ခင်လေးနွယ်တို့ပဲဖြစ်ပါတယ်။ သူတို့ ၃ ဦးလုံးဟာ ပွဲခင်းထဲထိကို လိုက်လံပြီး အားပေးခဲ့တာဖြစ်ပါတယ်။ Benjamin Sum ရဲ့ ပုံရိပ်တွေကို ကိုင်ဆောင်ပြီး အားပေးခဲ့တာကြောင့်လည်း ထူးခြားလျက်ရှိပါတယ်။

ယနေ့မှာ ကြေငြာမယ့် Top 4 စာရင်းမှာ Benjamin Sum ဟာ ပါဝင်မလားဆိုတာကိုတော့ သူ့ကို ချစ်တဲ့ ပရိတ်သတ်ကြီးက စောင့်ကြည့် အားပေးလိုက်ကြပါဦးနော်………….။

Writer- ME(Shwe Yaung Lan)