ဒီ ဇင်ဘာ(၂၂)

နေပြည်တော် တွင် ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရသူ ကလေးငယ် ဗစ်တိုးရီးယားလေးရဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးရန် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာဥပဒေကို ချိုးဖောက်သူများကို အရေးယူပေးရန် မန္တလေးမြို့ မနော်ရမာန်ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဆန္ဒထုတ်ဖော်သွားမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားလေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်တယ် အဲ့ဒီမှာ ကလေးရဲ့ နာမည်တွေထည့်ပြောတယ် မိဘနာမည်တွေပြောတယ်လေ ဒါဟာ လုံးဝမဖြစ်သင့်ဘူး ကန့်လည်းကန့်ကွက်တယ် ဒါကြောင့် ဒါကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်လို့ မြင်တယ် ဒါ့ကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ဦးဆောင်သူကိုတင်ကိုကိုက ပြောပါတယ်။

ဗစ်တိုးရီးယားလေးအမှုနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိရေးအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ကလည်း မန္တလေးမြိုတွင်းမှာလူပေါင်း ထောင်ချီ ပြီးဆန္ဒပြခဲ့ကြပါတယ်။

ဗစ်တိုရီးယားလေးပြောပြခဲ့တဲ့ အချက်အလက်များနဲ့ကွဲလွဲနေတဲ့ ဒရိုင်ဘာကိုကျူးလွန်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ပြီး တရားရုံးစွဲတင်ခဲ့ပေမယ့် ဒရိုင်ဘာဖြစ်သူဟာ ခြောက်လနီးပါး အချုပ်နဲ့အမှုရင်ဆိုင်ခဲ့ရပြီး မကြာခင်ရက်ပိုင်းကကျူးလွန် ကြောင်း မပေါ်ပေါက်တဲ့အတွက် တရားရုံးက တရားရှင် ပြန်လွတ်ခဲ့ပါတယ်။

ဗစ်တိုးရီးယား လို့ မြန်မာပြည့်အနှံ့က အမည်လွှဲဖြင့်ခေါ်ကြတဲ့ မိန်းကလေးငယ်ဟာ မေလ ၁၆ ရက်နေ့က အဓမ္မ ပြုကျင့်ခံရတာကြောင်း မေလ ၁၇ ရက်နေ့က ဇဗ္ဗူသီရီမြို့မရဲစခန်းကိုအမှုဖွင့် တိုင်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။

အခုလိုဆန္ဒပြမှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၃ နာရီ က ညနေ ၆ နာရီအထိမနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

သတင်း ဓာတ်ပုံ – မင်းထွဋ်ခေါင်

Credit to AlinnMyay