အ သက်(၁၈)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ သူရဲ့မိခင်ကို မတရားအဓမ္မကျင့်ပြီး ထွက်ပြေးတဲ့ မုဒိမ်းသမားကို နောက်ယောင်ခံလိုက်ပြီး၊ နောက်ဆုံးတော့ လက်တုန့်ပြန်နိုင်ခဲ့ပါတယ်။ သူဟာ အဲဒီမုဒိမ်းသမားကို တစ်လကြာ နောက်ယောင်ခံ လိုက်ခဲ့ရတာပါတဲ့။

လူသတ်တရားခံရဲ့အမည်ကတော့ Maulud Riyanto ဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံ၊ Gempol, Pasuran မှာ နေထိုင်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၇)ရက်၊ အင်္ဂါနေ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ သူဟာ အသက်(၄၉)နှစ်အရွယ် မုဒိမ်းသမား Yasin Fadilla ကို တနင်္လာနေ့က ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာပါ။

Yasin ဟာ ဆိုင်ကယ်နဲ့ နေအိမ်ကို မော်တော်ဆိုင်ကယ်နဲ့ ပြန်လာစဉ်၊ လူသူပြတ်လပ်တဲ့နေရာမှာ Maulud က ကြားဖြတ်တားဆီးပြီး၊ ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို အနီးအနားကလူတွေက ဆေးရုံအမြန်ပို့ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒဏ်ရာတွေက များတော့ သွေးထွက်လွန်ပြီး သေဆုံးသွားပါတယ်။ သူမသေခင်မှာ သူ့ကို ဘယ်သူသတ်တာလဲဆိုတာ ရဲကမေးတော့ သူ လုံးဝမသိဘူးလို့ ပြောပါတယ်။ လူသတ်သမားက မျက်နှာဖုံးဝတ်ထားပါသတဲ့။ ရဲက နောက်ကြောင်းခံ လိုက်တဲ့အခါ Maulud ကို သံသယတရားခံအဖြစ် သွားတွေ့ပါတယ်။

Yasin ဟာ လွန်ခဲ့တဲ့(၆)နှစ်က Maulud ရဲ့မိခင်ကို အဓမ္မကျင့်ခဲ့ရာ ရန်ညှိုးဖွဲ့သတ်ဖြတ်ခံခဲ့ရတယ်လို ယူဆခဲ့ပါတယ်။ အသက်(၁၂)နှစ်အရွယ်ကတည်းက အခုအချိန်ထိ Maulud ဟာ ဒီလုပ်ရပ်ကို မေ့မရခဲ့လို့ လက်တုန့်ပြန်ခဲ့တာပါတဲ့။ ထိုစဉ်က လူမှုရေးအရ ဖြေရှင်းခဲ့လို့ Yasin ဟာ အရေးယူမခံခဲ့ရပါဘူး။

ဒါပေမယ့် အခုတော့ Maulud ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရပြီး တရားခံလည်း သူ့မိုက်ပြစ်ကို သူခံရတော့မှာပါ။ တရားခံ Maulud အနေနဲ့တော့ ကြီးလေးတဲ့ ထောင်ဒဏ်၊ သို့မဟုတ် သေဒဏ်တောင် ကျခံရနိုင်ကြောင်း သတင်းတွေက ရေးသားနေကြပါတယ်။

Credit to နေသူရိန် (D Nae Khit)