မြန်မာ အိုင်ဒေါ ဖြစ်ခဲ့ကြတဲ့ နော်စေးစေးထူးနဲ့ ယောကီးတို့ကတော့ အဆိုပညာပိုင်းမှာတင် ထူးချွန်ပြောင်မြောက်တာမဟုတ်ဘဲ သူတိုရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ဒါရိုက်တာ တန်ခွန်ကျော်မှ အကောင်းဆုံးပုံဖော်ပေးခဲ့တဲ့အကြောင်းကို “MMID မှာအဆိုပညာပဲသင်ခွင့်ရခဲ့တာမဟုတ်ပါဘူးဗျ သရုပ်ဆောင်မှုပိုင်းဆိုင်ရာပညာရပ်ကိုပါသင်ကြားခဲ့ရတာပါ ကျွန်တော် တို့ မောင်နှမ ၃ယောက်ရဲ့ ဟာသ ဆန်ဆန် ရိုက်ထားတဲ့ videoလေးကို အားပေးကြပါဦးဗျ ဒီဗွီဒီယိုလေးကို ကြည့်ပြီး တစ်နေ့တာအမောတွေ ပြေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျ” လို့ တန်ခွန်ကျော်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ ရဲ့ အနုပညာစွမ်းရည်ကိုချပြထားတဲ့ ဗီဒီယိုလေးထဲမှာဆိုရင် အိမ်ထောင်ကျပြီးနောက်ပြောင်းလဲသွားတတ်တဲ့ ယောက်ျားတွေ အကြောင်းကို နော်စေးစေးထူးနဲ့ ယောကီးတို့က အကောင်းဆုံး အတွဲညီညီသရုပ်ဖော်ထားပြီး တန်ခွန်ကျော်ကတော့ ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတာလည်းဖြစ်ပါတယ်။မောင်နှမ(၂)ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုချပြထားပြီး ဒါရိုက်တာတန်ခွန်ကျော် ရိုက်ချက်တွေကြောင့် ဗီဒီယိုလေးဟာဆိုရင် လက်ရှိမှာ ကြည့်ရှူ့သူ (၃၀၀၀)ကျော်လာပြီး ပရိသတ်တွေက (၃)ယောက်လုံးရဲ့ အနုပညာကို ထောက်ခံအားပေးနေကြတာလည်းဖြစ်ပါတယ်။ ပွင့်လင်းဖော်ရွေတဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် မောင်နှမအရင်းတွေလို ချစ်ချစ်ခင်ခင်ရှိကြတဲ့ သူတို့ဟာ ချစ်လှပါပြီရဲ့လို့ ယူပြီးမှ အိမ်ထောင်သည်ဘဝရောက်ရင် ကြုံတွေ့လာရမည့် ပြောင်းလဲမှုတွေကို အကောင်းဆုံးချပြခဲ့ပါတယ်။

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါ ဖြစ်ခဲ့ကြတဲ့ နော်စေးစေးထူးနဲ့ ယောကီးတို့ကတော့ အဆိုပညာပိုင်းမှာတင် ထူးချွန်ပြောင်မြောက်တာမဟုတ်ဘဲ သူတိုရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ဒါရိုက်တာ တန်ခွန်ကျော် ရိုက်ချက်တွေအောက်မှာ ချပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်။