မြတ် ရတနာကျော်ဆို တဲ့ ရက်ရက်စက်စက်လှပြီးချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေးဟာဆိုရင် Ah Boy နဲ့လက်ထပ်ပြီးလို့အခုဆို သမီးဦးလေးတောင်မွေးပြီးသွားပါပြီ။မြတ်ရတနာကျော်က Ah Boy နဲ့ အတူ ခရီးတွေထွက်ပြီး Travel Blog လေးလည်းလုပ်ထားပါသေးတယ်။

အခုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဖူးဖူးမှုတ်ချစ်ကြတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့နှစ်ယောက်တစ်ကမ္ဘာလေးထဲကို ချစ်ဖို့ကောင်းပြီးသူ့အဖေနဲ့တူတဲ့ သမီးဦးလေးက ဝင်ရောက်လာခဲ့တာ အခုဆိုရင်တော့ သမီးလေးက အရွယ်တစ်ခုကို ရောက်ရှိလာပါပြီ။

ဒီနေ့စွဲလေးနဲ့ပတ်သက်ပြီးလည်း “လွန်ခဲ့သော ၂နှစ်က ကျွန်မဘဝရဲ့ ဘုရားပြင်ဆင်ပေးတဲ့ အိမ်ထောင်ရေး ခရီးလမ်းရဲ့ နိဒါန်း ဘုရားရှင်ကိုကျေးဇူးတင်တယ် သာယာတဲ့အိမ်ထောင်ရေးဖြစ်တယ့် အတွက် သာ၍သမီးရဲ့

အိမ်ထောင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ထားရှိတဲ့ မေတ္တာ တွေ နားလည်မှုနဲ့ ချစ်ခြင်းတွေ သခင်ယေရှုနာမ ဖြင့် သာ၍တိုးပွါးစေပါ” လို့ ရေးသားထားပြီး မင်္ဂလာပွဲကအမှတ်တရပုံတွေကိုတင်ထားခဲ့ပါတယ်။

မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့စုံတွဲ (၂)နှစ်ပြည့်မင်္ဂလာရက်မြတ်မှသည် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သာယာတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ…