‘… ဇာတ်‌ကောင်ကာ ရိုက်တာအ ရ သူမ အရမ်းမြတ်နိုးတဲ့ ဆံပင်လေး ကိုညှပ်လိုက်ရတယ် ဆို တဲ့ မအေးသောင်း…’

တချိန် က မြန်မာ ဗီဒီယို ဇာတ်လမ်းတွေထဲမှာ မြန်မာဆန်ဆန် အလှတွေနဲ့ ငယ်ရွယ်နုပျိုချိန်တွေက အလှတွေနဲ့ အမျိုးသား ပရိသတ်တွေအများကြီးကို ဖမ်းစားနိုင်ခဲ့တဲ့ အေးဝတ်ရည်သောင်း ကိုတော့အားလုံးသိကြမှာပါ။

အနု ပညာလောကကနေ

အချိန်အတော်ကြာပျောက်သွားပြီး Facebook လူမှုကွန်ရက်ပေါ်မှာ ဒီဘက်နှစ်ပိုင်းတွေ ရဲ့ ဂန္တဝင်မမ လို့တင်စားခေါ်ဝေါ်ခံရမှုနဲ့အတူ ယောက်ျားလေးတွေရဲ့ ဝန်းရံမှုကို ခံနေရတဲ့ မအေးသောင်းကတော့ တကယ့်ကို မြန်မာဆန်ဆန်နဲ့ လှနေ ပနေတုန်းပါပဲ။

ဒီနေ့မှာတော့ အေးဝတ် ရည်သောင်းက သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အေးဝတ်ရည်သောင်းက အခုလက်ရှိမှာ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ဖွေးဖွေးတို့နဲ့အတူတူ ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက

ထိုရုပ်ရှင်ဇာတ်ကားကြီးအတွက် ဆံပင်လေးညှပ်ထားပြီး အရင်ကထက်တောင် နုပျိုလန်းဆန်းနေတာကို တွေ့ရပါတယ်။

သရုပ်ဆောင်အေးဝတ်ရည်သောင်း ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။