‘…အနည်းဆုံး ပိုက်ဆံသိန်း(၁၀၀၀)ကျော်လောက် ရှိ မှ သီ ချင်းခွေထုတ်နိုင်ကြောင်း ပြောပြလာ ခဲ့ တဲ့ စိုင်းစိုင်း…’

ဟစ်ဟော့ အ ဆိုတော်တစ်ယောက်အဖြစ် (၁၅) နှစ်ကျော်တိုင် ယနေ့ချိန်ထိ အောင်မြင်မှု ရရှိနေဆဲဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အမျိုးသမီးလေးတွေရဲ့ အကြိတ်အနှယ် ဝန်းရံခြင်း ခံရသူ အနုပညာရှင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်မင်းသားတစ်ယောက်လည်း ဖြစ်တဲ့ပြင် ရုပ်ရှင်လောကမှာလည်း ခေါင်းဆောင် မင်းသားနေရာကချည်း နေရာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့

အဆိုတော်တွေ အခွေထုတ်ဖို့ အတွက် ဘယ်လောက်ရင်းနှီးရသလဲ ဆိုတာကို တွက်ပြလာခဲ့ပြီး ခိုးကူးတွေကြောင့် ခွေထုတ်ကာ ရင်းနှီးထားတဲ့ အဆိုတော်တွေအနေနဲ့ ဘယ်လို အရှုံးပေါ်နိုင်သလဲ ဆိုတာပါ တွက်ပြလိုက်တာဖြစ်ပါတယ်။

” ကျနော်တို့ Muisc Video ရိုက်ကူးစရိတ်ဟာ အခုဆို တစ်ပုဒ်ရိုက်ရင် အနည်းဆုံး သိန်း (၇၀) ကနေ (၁၀၀) ကျပါတယ်။Album တစ်ခုလုံးဆိုရင် အနည်းဆုံး သိန်း (၁၀၀၀)လောက်ရှိမှ ဖြစ်မယ်။

ကျနော် တစ်ခွေကို

(၅၀၀၀) ကျပ်နဲ့ ရောင်းမယ်ဆိုပါစို့ ( အခု ကြေးအိုးတစ်ပွဲ ၅၂၀၀ ကျပ်ခေတ်မှာ )။အနည်းဆုံး ပရိသတ် (၂၀၀၀၀) ဝယ်မှ အရင်းကြေမယ်လို့ အကြမ်းဖျဉ်းတွက်ကြည့်နေတာ။ဒါတောင် marketing ကြော်ငြာခတွေ ဘာမှမပါသေးဘူး။ဒါဆိုမရိုက်ရတော့ဘူးလား ။

ပရိသတ် (၂၀၀၀၀) က အခွေဝယ်ယူ အားပေးမယ်ဆိုရင်တော့ ဆက်ရိုက်နိုင်မယ်ထင်ပါတယ် ” လို့ စိုင်းစိုင်းက တွက်ချက်ပြလာခဲ့ပြီးဖြစ်ပါတယ်။ ပရိသတ်ကြီးကော ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်ရဲ့ အခွေကို ဝယ်ယူပြီး အားပေးကြမှာလား…..