‘…Fashion Week 2019 ပွဲ ကို လုံခြုံလှ ပပြီး စမတ်ကျတဲ့ဖက်ရှင်လေး နဲ့ တက်ရောက်လာ ခဲ့ တဲ့ သင်ဇာဝင့်ကျော်…’

ဘယ်လို ဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တင့်တယ်နေတဲ့ သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေအတွက် အသည်းကျော်လေးတစ်ယောက်ဖြစ်လို့နေပါတယ်။ ပြေပြစ်လှပတဲ့ကောက်ကြောင်းလေးနဲ့ ချောမောလှပတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်က အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားသူလို့လည်း ဆိုနိုင်ပါတယ်။ သူမရဲ့ပွဲတက်ဖက်ရှင်တွေကလည်း ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေနိုင်တာ ဖြစ်ပါတယ်။

သင်ဇာက

ဆက္ဆီ ဆန်ဆန်ဖက်ရှင်လေးတွေ ကို ဝတ်ဆင်လေ့ရှိပေမယ့် တစ်ခါတစ်ရံမှာလည်း မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးနဲ့ဝတ်ဆင်တတ်တာ ဖြစ်ပါတယ်။ သင်ဇာက ဖက်ရှင်ရွေးချယ်မှုပိုင်းမှာ နေရာဒေသနဲ့ကိုက်ညီအောင် ရွေးချယ်တတ်သူဆိုရင်လည်း မမှားပါဘူး။ အခုလည်း သင်ဇာက ”Fashion Week 2019” ပွဲလေးကို ဆန်းသစ်လှပတဲ့ အဖြူရောင်ဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့ပါတယ်။

လုံခြုံမှု

အပြည့်ရှိပြီး စမတ်ကျကျလှနေတဲ့ ဖက်ရှင်လေးကို ဆင်မြန်းထားတဲ့ သင်ဇာကတော့ အရင်ကထက်တောင် ပိုလှနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သင်ဇာ့ကို အသည်းတဖြုတ်ဖြုတ် ကြွေနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source- Thinzar Wint Kyaw’s FB

Photo Credit- Amazing Grace
“Myanmarload