”…မူလီေ တြ စိတ္မေ ကာင်းဖြစ်စရာမ လို သ လို ဝမ်းနည်းစရာ လဲမလို ပါဘူးဆို တဲ့ မူးလာ…”

Myanmar Idol Season 4 သီ ချင်းဆိုပြိုင်ပွဲကြီးကတော့ တစ်ပတ်ပြီးတစ်ပတ် ကျင်းပလာခဲ့ရာ ပြိုင်ပွဲပြီးဆုံးဖို့အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မနေ့က ၈ ပတ်မြောက် Result Show မှာတော့ မူးလာနဲ့ တန်ခွန်ကျော် တို့နှစ်ယောက်က နှုတ်ဆက်ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မူးလာနဲ့ တန်ခွန်ကျော်အတွက် စိတ်မကောင်း၊ ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။

မူး လာကတော့ ပြိုင်ပွဲတောက်လျှောက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သူဖြစ်ပြီး ပရိသတ်တွေ ရယ်မောရအောင် အမြဲတမ်း ရယ်စရာတွေ ပြောတတ်တာကြောင့် အားပေးသူပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

မနေ့က Result Show မှာ မူးလာ ပြုတ်သွားရတဲ့အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေက မူးလာက အခုလိုပဲ နှစ်သိမ့်ထားပါတယ်။ “အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။ မူလီတွေအားလုံး တာဝန်ကျေပါတယ်နော်။ စိတ်မကောင်းဖြစ်စရာလည်း မလိုသလို ဝမ်းနည်းစရာလည်းမလိုပါဘူးနော်။ အားလုံးကျေနပ်လောက်တဲ့ ရလဒ်မျိုးနဲ့ တင်ဆက်နိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူမဆုံးပါဘူးဗျာ၊”

“အားပေးကြသော မူလီများ မိဘဆွေမျိုး သူငယ်ချင်းမိတ်‌ဆွေများအားလုံး ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် မူးလာ ပိုပိုပြီး ကြိုးစားပြီး အားလုံးရင်ထဲက ထိုက်တန်တဲ့ အနုပညာရှင်တယောက်ဖြစ်ဖို့ အစွမ်းကုန်ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်ဗျာ။ အားလုံးကိုချစ်လျက်💜💜💜” ဆိုပြီး ကျေးဇူးတင်စကား ဆိုထားပါတယ်။

မူးလာကတော့ Myanmar Idol Season 4 ပြိုင်ပွဲကနေ ထွက်ခွာသွားရပြီဖြစ်ပေမယ့် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ အမြဲတမ်း အားပေးနေကြဦးမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး