”…ကွယ်လွန် သွားပြီးဖြစ် တဲ့ ဟာသ သရုပ်ဆောင် ကင်းကောင် ကို လွမ်းဆွတ်နေ တယ် ဆို တဲ့ သက်မွန်မြင့်…”

ပရိ သတ်ကြီးရေ သက်မွန်မြင့်ကတော့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲက တစ်ယောက်ပါနော်။ ဆယ်စုနှစ်တစ်ခုအကြာအနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာဖြစ်တဲ့အပြင် VCD သီချင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလာခဲ့တာပဲ ဖြစ်ပါတယ်။

(၂၀၁၀)ခုနှစ် မှာ ” အာဒမ်ရယ် ဧဝရယ် ဒသရယ် ” ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ( ၂၀၁၇ )ခုနှစ်မှာလည်း ” ချစ်လှစွာသော အမုန်း ” ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာပါ။

လက်ရှိ(၂၀၁၉)ရဲ့ အကယ်ဒမီထူးချွန်ဆုကိုလည်း ချစ်တဲ့ပရိသတ်တွေက မျှော်မှန်းပေးနေကြတာပါပဲနော်။ ချစ်သက်တစ်ယောက်ကတော့ အနုပညာလမ်းကြောင်းမှာ နှစ်အတော်ကြာ ဖြတ်သန်းလာတာကြောင့် အနုပညာအသိုင်းအဝိုင်းက ဇာတ်ပို့ဇာတ်ရံတွေနဲ့လည်း ပွင့်လင်းရင်းနှီးတဲ့သူလေးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရံ ကင်းကောင်နဲ့ အမှတ်တရပုံရိပ်ဟောင်းလေးတွေကိုပြန်လည် Share ကာ သတိရကြောင်း ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ” Model ဘဝ ကြော်ငြာတွေ စရိုက်ကတည်းက ကိုယ့်ကို သွေးရင်းတစ်ယောက်လို ချစ်ခင်ကြတဲ့ သရဲလေးကောင်ခေါ် ဦးရိုင်း ဦးငှက် ဦးကင်း( ဦးဖြူ မပါလာလို့) ဆိုတဲ့ ပိုစ့်လေးကို ပြန်လည် Share ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်နော်…

Source-MON