အရက်ေ သာက်ရင် မျက်နှာကြီးနီရဲ လာတတ်တဲ့ သူတွေဖြစ်တတ်တဲ့ ကုမရတဲ့ ရောဂါတစ်ခု

အယ် ဇိုင်းမား ရောဂါဆိုတာ ပရိတ်သတ်ကြီးလည်း သိမှာဖြစ်ပါတယ်။ ဒီရောဂါဟာ ဥင်္ီးနှောက်ဆဲလ်တွေက တဖြည်းဖြည်းနဲ့ အလုပ်မလုပ်တော့ဘဲ မှတ်ဉာဏ်တွေ ဆုံးရှုံးတဲ့အထိကို ဖြစ်ပေါတယ်။ ဒီရောဂါဟာလည်း သက်ကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။

သူ့ကိုတော့ Dementia ရောဂါတစ်မျိုးအဖြစ်သတ်မှတ်ပါတယ်။ ဒီရောဂါကို သက်ကြီးပိုင်းတွေအပြင် အရက်သောက်တိုင်းမျက်နှာ နီမြန်းလာတဲ့ လူတွေကလည်း ခံစားရတယ်လို့ Stanford University School of Medicine လေ့လာမှုအရ ဖော်ပြခဲ့ပါတယ်။ အရက်သောက်တိုင်း မျက်နှာနီမြန်းခြင်းဟာ Asian Flush လို့ ခေါ်ပြီး အယ်ဇိုင်းမာရောဂါနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ မျက်နှာနီမြန်းခြင်းဟာ Mitochondrial aldehyde dehydrogenase 2 (ALDH2) လို့ခေါ်တဲ့ မျိုးရိုးဗီဇ သန္ဓေပြောင်းလဲခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရှာဖွေတွေ့ရှိချက်ကိုတော့ ဒေါက်တာ Daria Mochly Rosen က တွေ့ရှိခဲ့တာဖြစ်ပြီး Disease Prone genes တွေဟာ အယ်ဇိုင်းမားဖြစ်ဖို့အတွက် တွန်းအားပေးတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးတဲ့ Aldehydes လို့ခေါ်တဲ့ ဇီဝထုတ်ကုန်ဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သို့ပေမယ့်လည်း ALDH2 ကတော့ ဒါကို ပျက်စီးစေတယ်လို့ ဆိုပါတယ်။ အဆိုပါ ALDH2 ဟာ Acetaldehyde တွေကို ပိုမိုကြီးထားစေတယ်လို့ ဆိုပါတယ်။ အရေပြားရောင်ရမ်းခြင်းများကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

အဆိုပါ ALDH2 အခြေအနေပိုမိုဆိုးရွားလာလျှင် အယ်ဇိုင်းမာကို ဖြစ်ပေါ်စေတတ်ပါတယ်။ ယင်းလေ့လာတွေ့ရှိချက်ကြောင့် အရက်သောက်တိုင်း အသားနီမြန်းလာသူတွေဟာ အယ်ဇိုင်းမာဖြစ်ဖို့ ရာခိုင်နှုန်းပိုမိုများပြားတယ်လို့ ဆက်စပ်တွေ့ရှိခဲ့ရပါတယ်။

ဒ့ါကြောင့် ပရိတ်သတ်ကြီးရေ အရက်သောက်လို့ မျက်နှာနီမြန်းလာသူတွေကို ဒီပိုစ့်လေးကို မျှဝေပေးလိုက်ကြပါဦး။ ဘာ့ကြောင့်ပဲဖြစ်ဖြစ် အရက်ကတော့ မသောက်သုံးသင့်တာတော့ အမှန်ပါပဲ။

Credit to Writer- ME(Shwe Yaung Lan)