အ ပတ်တိုင်းမှာ ကိုယ်ပိုင်ဟန်သီဆိုမှုတွေနဲ့ ယှဉ်ပြိုင်သီဆိုနေကြဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ ဒိုင်လူကြီးတွေဆီကရော ပရိသတ်တွေဆီကပါ ဝေဖန်ချီးကျူးမှုတွေကို ရရှိကာ တဖြည်းဖြည်းတိုးတက်လာတဲ့ ပြိုင်ပွဲတစ်ဦးပဲဖြစ်ပါတယ်နော်..။ Myanmar Idol Season (4) မှာ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ ဂုဏ်ပြုသီချင်းနဲ့ စိတ်ခွန်အားတက်ကြွစေမယ့် သီချင်းတွေနဲ့ နှစ်ပုဒ်ဖျော်ဖြေသီဆိုရမှာပဲဖြစ်ပါတယ်..။

ရုပ် ရှင်ဇာတ်ဝင်တေးသီချင်းတွေကိုသီဆိုမယ့်အလှည့်မှာတော့ ဘင်ဂျမင်ဆုမ်းဟာ တေးရေးဆရာ စောခူဆဲ ရေးသားပြီးတော့ ဇော်ဝင်းထွဋ် သီဆိုထားတဲ့” အချစ်သည်လေပြေ” သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်လူကြီးတွေဆီကရော ပရိသတ်တွေဆီကပါ အထူးနှစ်ခြိုက်မှုကို ခံခဲ့ရပါတယ်နော်..။

ဘင်ဂျမင်ဆုမ်းကတော့ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ခံစားချက်တွေကိုပါ အပြည့်ထည့်ကာ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်မှုတွေကြောင့် ဒိုင်လူကြီးတွေဆီကနေ ချီးကျူးစကားတွေကို ကြားခဲ့ရပါတယ်နော်..။ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ သီဆိုနိုင်မှုတွေကြောင့် ဒိုင်လူကြီးအောင်ကိုလတ်ဆီကနေ ဒီညရဲ့ သီချင်းကတော့ ဘင်ဂျမင်ရဲ့ သီချင်းဖြစ်ပြီလို့ ချီးကျူးစကားပြောခြင်းကို ခံလိုက်ရပါတယ်..။

ဘင်ဂျမင်ဆုမ်းကတော့ ဒီနေ့ည ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများအပတ်မှာ အချစ်သည်လေပြေသီချင်းနဲ့ ပရိသတ်တွေကိုရော ဒိုင်လူကြီးတွေရဲ့ အသည်းကိုပါ သိမ်းပိုက်ယူသွားနိုင်ခဲ့ပါတယ်နော်..။ပရိသတ်ကြီးရော ဘင်ဂျမင်ဆုမ်းလေးရဲ့ အချစ်သည်လေပြေ သီချင်းရဲ့ သီဆိုမှုအပေါ် မှတ်ချက်လေးတွေကိုလည်း ရေးပေးသွားပါဦးနော်..Source:Myanmar Idol Season(4)