1970 ခုနှစ် က ဂန္ထဝင် သီချင်းကြီး ကိုမှ သာသာယာယာ အေးအေးဆေးဆေး သီဆိုပြသွား တဲ့ အေးမြဖြူ

Myanmar Idol Season (4)ပြိုင်ပွဲကြီး ကတော့ တစ်ပတ်ထက်တစ်ပတ် ကို ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလှတဲ့ အချိန်အခါကိုလည်း ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အေးမြဖြူက(၁၉၇၀)ခုနှစ်လောက်က ဦးဝင်းဦးရဲ့ အောင်မြင်လှတဲ့ ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ကို သီဆိုပြီးယှဉ်ပြ်ုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီ ဇာတ်ဝင်တေးသီချင်းကတော့ မြန်မာသံစဉ်တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ဂန္ထဝင်တေးသီချင်းတစ်ပုဒ်လည်း ဖြစ်တာကြောင့် သီဆိုဖို့တော်တော်လေးကို တာဝန်ကြီးလှတဲ့ သီချင်းတွေထဲမှာ တစ်ပုဒ်အနေနဲ့အပါအဝင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ပါ။ သို့ပေမဲ့လည်း အေးမြဖြူကတော့ တာဝန်ကျေကျေနဲ့ပဲ အကောင်းဆုံးဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ပဲ သီဆိုယှဉ်ပြိုင်ပြီးပြသသွားခဲ့ပါတယ်။

ဒီ တစ်ခေါက်ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေထဲမှာဆိုရင်တော့ အေးမြဖြူဟာ မြန်မာသံနဲ့ ပတ်သက်လာရင် အပိုင်နိုင်ဆုံးသီဆိုယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။CeleGabar ပရိသတ်ကြီးရေ Myanmar Idol Season (4)ပြိုင်ပွဲကြီးရဲ့ Winner ဆုကြီးကို သိမ်းပိုက်မယ့်သူက အေးမြဖြူများဖြစ်သွားလေမလား။

Source – Myanmar Idol
လေးစားစွာဖြင့် ခရစ်ဒစ်- Chilli – CeleGabar