အ ဆိုတော် မနောဟာ မြန်မာပြည်မှာ လူကြိုက်များတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်….ကျေးလက်သဘာဝကို ဖော်ကျူးထားတဲ့ သူ့ရဲ့ သီချင်းတွေနဲ့ အခြားသီချင်းများစွာဟာ ပရိသတ်တွေ နှုတ်ဖျားမှ တသသလိုက်ပါ ရွတ်ဆိုရလောက်အောင်ကို အောင်မြင်ခဲ့တာပါ…. “ဗိုလ်အောင်ဒင်” သီချင်းဆိုရင် ပြည်တွင်းမှာသာမက နိုင်ငံခြားထိပါ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်….

ဒီလိုအောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ ရပ်တည်နေတဲ့ မနောဟာ နာမည်နဲ့ လိုက်အောင် သဘောမနောကောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်…

လတ်တလောမှာတော့ အဆိုတော် မနောဟာ သီချင်းတွေ သီဆိုရင်း မိသားစုနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်…မနောဟာ အင်တာဗျူးတစ်ခုမှာ သူ့မိသားစုအကြောင်းကို ပြောပြခဲ့ရာမှာတော့ သူ့ရဲ့ သမီးလေးကို သူ့လိုဘဝမျိုးရောက်မှာ ကြောက်တယ်ဆိုတဲ့ အကြောင်းနဲ့ သမီးဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်ပေမဲ့ ခွင့်မပြုတဲ့ အကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်….

သမီးလေးဟာ မွေးကတည်းက အနုပညာပိုးပါလာတဲ့အကြောင်း ဒါပေမဲ့ အနုပညာအလုပ်မလုပ်စေချင်တဲ့အကြောင်း …အခု ဆယ်တန်းအောင်သွားပြီဖြစ်တဲ့ သမီးလေးကို အခွေတစ်ခွေ ဖန်တီးပေးထားတဲ့ အကြောင်း….သမီးလေးရဲ့ အသံဟာ ပရော်ဖက်ရှင်နယ်ဝင်ပြီး နားထောင်လို့ ကောင်းတဲ့အကြောင်း စတဲ့ သမီးလေးရဲ့ အနုပညာလုပ်ငန်းတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်…

ဒါ့အပြင် မနောက မိသားစုလေးယောက် အတူတူသွားစားတဲ့အခါမှာ ကျန်တဲ့ မိသားစုသုံးယောက်က သူဓာတ်ပုံရိုက်နေတဲ့အခါ မတ်တပ်ရပ်စောင့်ပြီး သူ့ကို အချိန်ပေးနေရတာဖြစ်လို့ မိသားစုကို အချိန်မပေးနိုင်တာကြောင့် သမီးလေး အခွေထွက်တဲ့အခါ မျက်နှာပြခွင့်မပေးဘဲ မျက်နှာဖုံးနဲ့ ထုတ်မယ်နော်လို့ သမီးကို ပြောခဲ့တဲ့အကြောင်းတွေကို ဆိုသွားပါတယ်…

အောင်မြင်သူဖြစ်သွားရင် သူ့လို လွတ်လွတ်လပ်လပ်မနေရ မစားရ မသောက်ရဖြစ်မှာစိုးလို့ သမီးကို အနုပညာအလုပ်တွေ မလုပ်စေချင်တဲ့အကြောင်းကို ဆိုသွားခဲ့ပါတယ်…..

ကဲ…ပရိသတ်ကြီးရေ ခုဆိုရင် မနောက သူ့သမီးလေးကို ဘာလို့ အနုပညာအလုပ်တွေ မလုပ်စေချင်တာလဲ ဆိုတာ သိလောက်ပါပြီနော်…..မနောဖြေဆိုထားတဲ့ သူ့သမီးလေးအကြောင်း ဗီဒီယိုလေးကို လည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်….မနောကိုချစ်ရင် အားပေးခဲ့ကြပါအုံး..

Writer – HW (Shwe Yaung Lan)
Video Source : Sunday Journal