ပရိ သတ်စိတ်ဝင်စားမှုများတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကတော့ ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါပြီ။ပရိသတ်တွေကလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကိုVoting ပေးကာ အားပေးနေကြတာလည်းဖြစ်ပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့လက်ရှိအချိန်မှာTop-4 လေးယောက်သာကျန်တော့တာပါ။

Winner ရဖို့ပိုနီး ကပ်လာတဲ့ဒီအခြေအနေမှာ ပြိုင်ပွဲ ဝင်တွေဟာအစွမ်းကုန်ကြိုးစားကြမှာအသေအချာပါပဲ။ဒါ့အပြင် မိမိကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို မြန်မာအိုင်ဒေါပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် Channel 9 Wild Card အစီအစဉ်လေးပြုလုပ်ထားပါတယ်။ဒီအစီအစဉ်မှာပြန်လာခွင့်ရမယ့်သူဟာဘယ်သူဖြစ်မလဲဆိုတာ အရမ်းကိုရင်ခုန်ဖို့ကောင်းနေပါပြီ။

Wild Card Winner ကဘယ်သူဖြစ်မလဲဆိုတာကို အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။လက်ရှိအချိန်မှာတော့ ပြိုင်ပွဲကထွက်ခွာသွားရတဲ့သူ(၇)ဦးရှိနေပါတယ်။အဲ့ဒီအထဲကမှ အမျိုးသားပြိုင်ပွဲဝင်တွေကတော့ တန်ခွန်ကျော်၊နေလင်းကျော် နဲ့ ယောကီးတို့ဖြစ်ပါတယ်။Wild Card Winner ဟာ သူတို့တွေထဲကတစ်ဦးဖြစ်လေမလား…

Source : MMID,CRD-Cele Gabar