က်စ္လ် စ်တောင့်တင်းတဲ့ Body ပေါ်မှာ အမိုက်စားတက်တူးတွေ ဆေးခြယ်ထားတဲ့ကိုလူချောလေးတစ်ယောက်လို့ဆိုလိုက်တာနဲ့ မင်းသားချောလေး တိုင်ရွန်ကိုပြေးမြင်မိကြမယ်ထင်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်တဲ့ တိုင်ရွန်ကတော့ မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူပါ။ တိုင်ရွန်က ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ Six Packs တွေနဲ့ ပျိုပျိုမေလေးတွေကို ဖမ်းစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ နာမည်ကြီးအောင်မြင်လာတဲ့ တိုင်ရွန်က ကြော်ငြာတွေ ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေ အဆက်မပြတ်ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း တိုင်ရွန်တစ်ယောက် မင်းသမီးချောလေး မေမြင့်မိုရ်နဲ့အတူ ကြော်ငြာအသစ်လေးတစ်ခုကို လက်ခံရိုက်ကူးခဲ့ရပါသေးတယ်။ တိုင်ရွန်က မေမြင့်မိုရ်နဲ့အတူ ရိုက်ကူးရေးပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သူ့ရဲ့ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

တိုင်ရွန်နဲ့ မေမြင့်မိုရ်တို့နှစ်ယောက်ကတော့ အဖြူရောင်ဝတ်စုံလေးတွေကိုဝတ်ဆင်ပြီး လိုက်ဖက်ညီစွာ ရိုက်ကူးရေးပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ တိုင်ရွန်က မေမြင့်မိုရ်ရဲ့ခါးလေးကိုဖက်ကာ ကြည်နူးစရာကောင်းတဲ့ အိုက်တင်လေးတွေကို အတွဲညီညီနဲ့ အတူတူလုပ်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး တိုင်ရွန်နဲ့ မင်းသမီးချောလေး မေမြင့်မိုရ်တို့ရဲ့ ရိုက်ကွင်းဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Tyron Bejay’s FB ,CRD- Myanmarload