ပရိ သတ်ကြီးရေ .. ပန်ကိတ်လေးကတော့ လတ်တလောမှာ သူမရဲ့ ပေ့ခ်ျကနေ မှတ်သားစရာစာစုလေးတွေ မျှဝေပေးနေတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။ လတ်တလောမှာတော့ ပန်ကိတ်တစ်ယောက် ကိုယ့်ကိုယ်ကို လုံလောက်တဲ့အချစ်တွေနဲ့ချစ်နေပြီလား ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို အသိတရားရစရာစာစုလေးတစ်ခုမျှဝေပေးလိုက်ပြန်ပါပြီ ။

” ကိုယ် ချစ်တဲ့အရာလေးတွေ ရေးခွင့်ရမယ်ဆိုရင် ဘာတွေဖြစ်မယ်ထင်လဲ။ မေးတော့အယောက် ၁၀၀ မှာ ၂ ယောက်လောက်ပဲ သူတို့နာမ ည်တွေရေးချတာတွေ့ရတယ်။ ဘယ်လောက်ကြာသည်အထိ ကျန်တဲ့ ၉၈ ယောက်က “ကျွန်တော်၊ ကျွန်မသည် ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး အချစ်ဆုံးဖြစ်သည်။” ဆိုပြီး ရဲရဲဝင့်ဝင့်ပြောလာရဲမလဲ။ ဟုတ်ပါတယ်။ ဒါဒါတို့ တော်တော်များများက အရမ်းစိတ်ထားလေးတွေ နုညံ့ကြတယ်။သူတပါးကို ဖေးမကူညီချင်တဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာကြတယ်။ ကိုယ့်ဘေးနားကသူတွေကို သနားကြင်နာပြီး ကူညီဖေးမချင်တဲ့ စိ တ်တွေ ပြည့်ကြတယ်။ ဒီလိုပဲ ကိုယ်အဆင်ပြေပြေ မပြေပြေ ကိုယ့်ဘေးနားကလူတွေ ကိုယ်ချစ်တဲ့သူတွေ အတွက် အမြဲဖြည့်ဆည်းပေးချင်ကြတယ်။ ကိုယ့်အားနည်းချက်ကို ထုတ်ပြရမှာရှက်ကြတယ်။ ကိုယ့်အားသာချက်တွေပဲ ထုတ်ပြဖို့အမြဲပြင်ဆင်ကြတယ်။ တပါးသူအတွက် အမြဲ အသင့်ရှိပေးချင်ကြတယ်။

ဒါမှကိုယ်ချစ်တဲ့သူက ကိုယ့်ကိုအကောင်းမြင်မယ်။ ကိုယ့်ကို အထင်ကြီးမယ်။ကိုယ့်ကို ပိုချစ်မယ်။ စတဲ့ အတွေးတွေနဲ့ ဖြစ်နေကြတာများတယ် ဆိုပါတော့။ ပျော်လာဆိုရင် ပျော်ဖို့ကောင်းပါတယ်။ လူတွေ ကိုယ့်အရည်အချင်းကိုအသိအမှတ်ပြုတဲ့အချိန်။ လူတွေကို ကိုယ်သုံးဖြုန်းနိုင်တာ ပြနိုင်တဲ့အချိန်။ လူတွေကိုယ့်ကို လက်ခုပ်သြဝါဒ ပေးတဲ့အချိန်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ဝန်းကျင်းတုန်းက အင်တာဗျူးတစ်ခုမှာ ကြည့်လိုက်ရတဲ့Ma Thandar Hlaing ရဲ့အင်တာဗျူးတစ်ခုထဲက စာသားလေး ကို သတိရမိတယ်။ “ငယ်ရွယ်တုန်းကဆိုရင် လူတွေမုန်းမှာ အရမ်းစိုးတယ်တဲ့။လူတွေချစ်အောင် လူတွေ အထင်မမှားအောင် လူတွေ ကိုယ့်အပေါ်အမြင်မကြည်မဖြစ်ရလေအောင် လူတွေ အထင်ကြီးနေအောင်ကြိုးစားနေခဲ့တော့ ဘာဖြစ်လဲဆိုရင် လူတွေက ချစ်ကြ ပါတယ်တဲ့။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာပါတယ်တဲ့။”( အင်တာဗျူးကတော်တော်ကြာပြီဖြစ်တဲ့အတွက် မှတ်မိသလောက်ရေးချထားတာဖြစ်တဲ့အတွက် လိုအပ်တာရှိရင် နားလည်ပေးဖို့ တောင်းဆိုပါရစေ။)

အရမ်းမှန်ပါတယ်။ ကိုယ့်ကိုယ်ကိုပျောက်ဆုံးတဲ့သူတွေဟာ ကြာလာရင် ကိုယ့်တန်ဖိုးလည်းကိုယ်မေ့လာသလို ကိုယ့်ယုံကြည်မှုလည်းပျောက်ဆုံးလာတတ်ပါတယ်။ ဒါ့အပြင် စိတ်ဓါတ်ကျန်းမာရေးပါထိလိုက်လာတတ်တဲ့အတွက် ဘဝမှာ တခြားလူတစ်ယောက်ယောက်အတွက် ရပ်တည်အသက်ရှင်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုမေးပါ။ ကိုယ့်ကိုယ်ကို လုံလောက်တဲ့အချစ်တွေနဲ့ချစ်နေပြီလား။ ပြီးတော့ အမြဲနှလုံးသွင်းထားပေးပါ။ ကိုယ်ဟာ တခြားလူတွေအတွက် အမြဲ အရေးကြီးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် တစ်နေ့ကျရင် ဒါကို လက်ခံနိုင်ရဲ့လား။ လက်ခံနိုင်တယ် လက်မခံနိုင်ဘူး ဆိုတာက တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်းခွင့်ဖြစ်ပါတယ် ” ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

Source : Ya Min Oo,CRD-Cele Gabar