အ များ​ကောင်းကျိုး ကို ကြည့်​တတ်​လွန်းလို့ ပရိသတ်​တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ပရိသတ်​တွေ လေးစား ချစ်ခင်ကြသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ အမွေစားအမွေခံနဲ့ မွေးစားထားတဲ့ သမီးလေးတစ်ယောက်အပြင်၊ မိဘမဲ့က​လေး​တွေကိုလည်း သူမကိုယ်​တိုင်​မိခင်​အဖြစ်​ခံယူပြီး​မွေးစား​နေတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ သားသမီးတွေနဲ့ အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာ သူမနဲ့ တစ်ပုံစံတည်းတူတဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ လျှောက်လည်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်​ ပရိသတ်​တွေ​အတွက်​ သူမရဲ့ကိုယ်ပွားလေးလို့တောင် ပြောရလောက်တဲ့အထိ ခိုင်နှင်းဝေနဲ့ တူလွန်းတဲ့ သမီးလေး ရွှန်းရတီခိုင်ရဲ့ ပုံရိပ်လေးတွေကို​ ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ ခိုင်​နှင်း​ဝေက​တော့ “အမေ့ရဲ့ ကိုယ်ပွားလေး ❤️❤️❤️💕💕💕😘😘😘 ” ဆိုပြီး ချစ်ရတဲ့ သမီးလေးနဲ့ လည်လည်ထွက်နေတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်​ယက်​မှာ ဝေမျှပေးထားတာပါ။ ခိုင်နှင်းဝေရဲ့ သမီးလေးကတော့ အိုက်တင်တွေကအစ အမေနဲ့ တစ်ပုံစံတည်းပဲနော်…။

ခိုင်​နှင်း​ဝေက​တော့ သူမ​မွေးစားထားတဲ့ သားသမီး​တွေကို တကယ့်​ရင်​သွေးအရင်းအချာလို​စောင့်​ရှောက်​နေသူတစ်​ဦးပါ။မွန်​မြတ်​တဲ့​မေတ္တာတရား​တွေ ပြည့်​နှက်​နေတဲ့ ခိုင်​နှင်း​ဝေက​တော့ သူမကိုယ်တိုင် ဉီးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတလုပ်​ငန်း​တွေအတွက်​”ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း”ကို တည်​ထောင်​ထားတာပဲ ဖြစ်​ပါတယ်​။ချစ်​ပရိသတ်​တွေ​လည်း​အရမ်းကို စိတ်ထားကောင်းတဲ့ ခိုင်​နှင်း​ဝေနဲ့ သမီးလေး ရွှန်းရတီခိုင်ကို ချစ်ရင်​Share သွားခဲ့ကြပါဦး​နော်​။

Source:Khine Hnin Wai’s Facebook,CRD-Myint Myat