ချစ် စရာကောင်းတဲ့ သား၊သမီးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးလေးသဉ္ဇာနွယ်ဝင်းပါ။ သူမကတော့ အသံဝဲဝဲလေးနဲ့ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာပါ။ သားလေးမွေးဖွားပြီးနောက်ပိုင်းအနုပညာအလုပ်တွေကို

အရင်ကလောက်မလုပ်တော့ပဲ သားနဲ့သမီးကိုပဲ အချိန်ပြည့်ပြုစုစောင့်ရှောက်နေတာပါ။

သူ မရဲ့မိသားစုဝဘဝလေးကို ပရိသတ်တွေကလည်း အားကျနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မိသားစုပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ” ပါပါးရေ……မိန်းမသာပါပါးနဲ့မတွေ့ခဲ့ရင်အခုထက်ပိုအလှပြင်ပြီးပိုလှချင်လှလိမ့်မယ် ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးပြီး ပိုထက်ချင်ထက်လိမ့်မယ် အခုလက်ရှိပါပါးပေးထားတဲ့ လုံခြုံနွေးထွေးတဲ့ခံစားချက်ကို ကိုယ့်အဖေမဟုတ်တဲ့ တစ်ခြားယောကျာ်းတစ်ယောက်စီကရမှာမဟုတ်ဘူး

ပါးပါးအနားမှာရှိနေရတဲ့ အချိန်တိုင်းကို အရမ်းတန်ဖိုးထားတယ် အရမ်းလည်းကျေးဇူးတင်တယ် အရမ်းတော် အရမ်းထက် အရမ်းချောတဲ့ မိန်းမလည်းမဖြစ်ချင်ပါဘူး ပါပါးအရမ်းချစ်ပြီးတန်ဖိုးထားရတဲ့မိန်းမပဲဖြစ်ချင်ပါတယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်

အားလပ်ရက်မှာမိသားစုနဲ့အတူလည်လည်ထွက်ရလို့ ပျော်ရွှင်ကြည်နူးနေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။