G Fattကေ တာ့ ကေလးက အစ လူငယ်ပရိသတ်ယောကျာ်လေး မိန်းကလေးမရွေး နှစ်သက်သဘောကျရတဲ့အဆိုတော်တစ်ယောက်ပါ။ သူ့ရဲ့သီချင်းတွေက စိတ်ဓာတ်ကျနေတဲ့ သူတွေကို အကျိုးရှိစေတဲ့သီချင်းတွေအပြင် အသည်းကွဲနေတဲ့ပရိသတ်တွေအတွက် ရင်ထဲကို ဒဲ့ထိရှစေတတ်တဲ့ သီချင်းစာသားတွေကိုရေးသားကာ ကိုယ်တိုင်သီဆိုတတ်သူလည်းဖြစ်ပါတယ်။ လူငယ်တွေလက်တွေ့မှာဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သီချင်းအဖြစ်ရေးဖွဲ့သီဆိုမှုကြောင့် လူငယ်တွေပါးစပ်ဖျားမှာ သူ့ရဲ့သီချင်းတွေရေပန်ားးရတဲ့အချက်ပါပဲနော်။

အ ချစ်ရေးအနေနဲ့ နိုင်ငံကျော်မင်းသမီးလေး နန်းဆုရတီစိုးနဲ့လမ်းခွဲ ပြတ်စဲပီးတဲ့နောက်မှာအနုပညာအလုပ်တွေကိုလုပ်ကိုင်ကာ မအားလပ်နိုင်အောင်ရှိနေခဲ့တာပါ။ လတ်တလောပရိသတ်ပါးပ်ဖျားမှာ ချစ်သူအသစ်ရရှိနေတယ်ဆိုတဲ့ သတင်းကလည်းပျံ့နှံ့နေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့GFattရဲ့ချစ်သူလို့ အထင်ခံခဲ့ရတဲ့ အနုပညာရှင်နဲ့ တွဲဖက်ကာ သီချင်းပြုလုပ်နေကြောင်းကို “ကျွန်တော်တို့ သူငယ်ချင်းတွေ ခရီးစုထွက်တဲ့ပုံစံမျိုးနဲ့ မြို့ပြရဲ့အဝေး ဆိုတဲ့ Music Video ကို ရိုက်ကူးတာ သုံးရက်မြောက်နေ့ဖြစ်ပါတယ် မြန်မာပြည်ရဲ့ အထင်ကရနေရာ တစ်ချို့နဲ့ လူသိပ်မသိသေးတဲ့ နေရာ တစ်ချို့ ကို သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။ ခရီးစဉ်တစ်လျောက်မှာ ကူညီအပေးကြမယ့် နေရာဒေသ အသီးသီးက Company များ အဖွဲ့အစည်းများနှင့် အချိန်အများကြီးပေးဝင်ရောက်ရိုက်ကူးပေးသော ညီငယ်ညီမငယ်များ အပါအဝင် MRTV 4 အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ”ဆိုပြီးအဖွဲ့လိုက်ပုံနဲ့ ဖော်ပြလာတာပါ။ ချစ်သူလို့အထင်ခံနေရတဲ့ အနုပညာရှင်နဲ့ သူငယ်ချင်းတွေဖြစ်ပြီး သီချင်းလုပ်နေကြောင်းကို ပြောပြလိုက်တယ်ဆိုလည်း မှားမယ်မထင်ပါဘူးနော်။

Credit – Cele Connections