လတ်တလောမှာ တစ်ခေတ်တစ်ခါက တေးချစ်ပရိသတ်တွေရဲ့ အသည်းကျော်သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ရုန်းတော်လွှတ်တော် တေးသီချင်းလေးကို နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ မေလသံစဉ်နဲ့ အုပ်စိုးခန့်တို့ကပြန်လည်သီဆိုထားပြီး ဒီသီချင်းလေးအတွက် MTV ရိုက်ကွင်းပေါ်က ဗီဒီယိုလေးကို “တော်ပါ ကိုလူလည် လှည့်ပတ်နိုင်လွန်းတယ်” လို့ ဆိုကာ မေလသံစဉ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မေ လသံစဉ်ကတော့ တက်သစ်စ အနုပညာရှင် အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို တစ်ခဲနက်ဆိုသလို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ တက်သစ်စအဆိုတော် တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်အဆိုတော်တွေနဲ့ အပြိုင်သီချင်းတွေကို သီဆိုနိုင်ပြီးတော့ ပရိသတ်တော်တော်များများရဲ့ အချစ်ကိုခံနေရသူတစ်ယောက်ပါ။အသက်အရွယ်ငယ်ပေမယ့် ထူးချွန်ထက်မြတ်တဲ့ အဆိုတော်လေးတစ်ယောက်လို့ ဆိုရမှာပါ။ အုပ်စိုးခန့်ဟာ ကိုယ်ပိုင်သီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့တဲ့အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ “အိမ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။အုပ်စိုးခန့်ဟာ ကိုယ်ပိုင်သီချင်းကောင်းများနဲ့ ပရိသတ်ရင်ထဲကို ဝင်ရောက်လာပြီးနောက်မှာ သရုပ်ဆောင်ပိုင်းကိုပါ ကူးပြောင်းလာတာဖြစ်ပါတယ်။ အုပ်စိုးခန့်ဟာဆိုရင် SHWE FM ရဲ့ 10th Anniversary မှာ မျက်နှာသစ်အနုပညာရှင်အနေနဲ့ဆုရရှိခဲ့ပြီး သူ့ရဲ့ပထမဆုံးစီးရီးဖြစ်တဲ့ “ချစ်နေပြီ”ဟာလည်း အောင်မြင်မှုရရှိခဲ့တာဖြစ်တဲ့အတွက် အသက်ငယ်ငယ်နဲ့အောင်မြင်မှုရရှိခဲ့ပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ မေလသံစဉ်နဲ့ အုပ်စိုးခန့်တို့က ပြန်လည်သီဆိုထားတဲ့ ရုန်းတော်လွှတ်တော် တေးသီချင်းလေးရဲ့ MTV ရိုက်ကွင်းပေါ်က သူတို့(၂)ဦးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကတော့ ကြည့်ရှုသူ(၃)သန်းကျော်သွားပြီလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကြည့်ရှုသူ(၃)သန်းကျော်သွားပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ မေလသံစဉ်နဲ့ အုပ်စိုးခန့်တို့ရဲ့ MTV ရိုက်ကွင်းပေါ်က ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ

Source: မေလသံစဉ် May Melody
Credit-CeleGabar