ဖြူဖြူေ ကျာ်သိန်းကေ တာ့ မြန်မာနိုင်ငံဂီတလောကရဲ့နာမည်ကြီးငွေကြယ်ပွင့် ဖြစ်ပါတယ်။ထူးခြားတဲ့ ဂီတအနုပညာအရည်အသွေးတွေအပြင် အမိုက်စားဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေကြားမှာရေပန်းစားသူတစ်ဦးပါ။

ဖြူဖြူ ဟာဒိုင်တစ်ယောက်အဖြစ်မြန်မာအိုင်ဒေါပြိုင်ပွဲမှာပါဝင်ခဲ့ပြီး အခုဆိုရင်တော့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းနဲ့အတူ ဖျော်ဖြေမှုတွေတောင်လုပ်နေရပြီ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ မန္တလေးမြို့မှာ သီဆိုဖျော်ဖြေမှုတစ်ခုလုပ်ခဲ့ရတဲ့အကြောင်းကို “မနေ့ညမန်းလေးက Hovid Launch မှာလည်း ဘန်ဘန်ကျော်သိန်း တို့ဖျော်ဖြေခဲ့ပါတယ်” ဆိုပြီးတော့ ပွဲအတွင်းကပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်ကတော့ ဖြူဖြူနဲ့ဘင်ဂျမင်ဆုမ်းတို့အတူတူဖျော်ဖြေတာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။အရင်တစ်ခေါက်တုန်းကတော့ “I Can’t Help Falling In Love With You” ဆိုတဲ့ သီချင်းလေးကို အတူတူဖျော်ဖြေခဲ့တာပါ။ဒီတစ်ခေါက်မှာလည်း အစိမ်းရောင်ဝတ်စုံလေးတွေကိုဝတ်လို့ အတူတူဖျော်ဖြေခဲ့ပါတယ်နော်….

Source:phyuphyukyaethein
PanKyarWutHmone – CeleGabar