တရု တ်နိုင်ငံ ဝူဟန်မြို့တွင် COVID-19 virus ရောဂါဖြင့် ဆရာဝန်တစ်ဦး ထပ်မံသေဆုံး

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် COVID-19 virus ရောဂါဖြင့် ဆရာဝန်တစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ အသက်(၂၉)နှစ်အရွယ် အမျိုးသားဆရာဝန် ဖန် ယဉ်ဟွာ ဖြစ်ပြီး၊ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဂျန်းရှာခရိုင်ဆေးရုံအမှတ်(၁)မှာ အခုလ(၂၀) ရက်နေ့ညက ကွယ်လွန်ခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။

ဒါဟာ သေဆုံးသူ ဆရာဝန်တွေထဲမှာ အသက်ငယ်ဆုံးလို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်က ဗိုင်းရပ်စ်ပိုးကူးစက် မှုနဲ့အသက်(၃၄)နှစ် ဒေါက်တာ လီ ဝမ်လိုင်း၊ အခုလ(၁၈)ရက်က ဝူချန်းဆေးရုံက အသက်(၅၁)နှစ်ရှိ ဒေါက်တာ လျူ ဇင်မိန်းတို့ သေဆုံးခဲ့တာပါ

ဒေါက်တာ ဖန် ဟာ တရုတ်နှစ်သစ်ကူး အားလပ်ရက်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ(၁)ရက်က သူ့ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားခဲ့ပြီးမှ လူနာဆေးကုသရေးမှာ ဝင်ရောက်ကူညီလိုတဲ့အတွက် သူ့ရဲ့မင်္ဂလာအစီအစဉ်ကို ရွှေ့ဆိုင်းလိုက် တယ်လို့ ဆိုပါတယ်။

သူဟာ ဇန်နဝါရီလ(၂၅)ရက်မှာ ရောဂါကူးစက်ခံရပြီး၊ ဇန်နဝါရီ(၃၀)မှာ အခြေအနေ ဆိုးခဲ့တဲ့အတွက် အခုလ(၂၀)ရက်ညမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ လူနာတွေကို ကူညီရင်း သေဆုံးသွားတဲ့ ဒေါက်တာ ဖန်ဟာ မင်္ဂလာဖိတ်စာကို ဘယ်တော့မှ အပြင်ကို မဝေနိုင်တော့တဲ့ သူ့ရဲ့ရုံးခန်းအံဆွဲထဲမှာ ရှိနေဆဲလို့ ဆင်ဟွာသတင်းကလည်း ဖော်ပြပါတယ်။

ဟူဘေးပြည်နယ်မှာ ဝူဟန်မှာ စတင်ပျံ့ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ကျန်းမာရေးဝန်ထမ်း (၁၇၀၀)ကျော် ကူးစက်ခံနေရပြီး၊ အများဆုံးက ဝူဟန်က ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွမ်းကျင်ပညာရှင်ဆရာဝန် တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းအနည်းဆုံး (၈)ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ ပါတယ်။

Source: People’s Daily,China #Myanmar_Online_News