ကိုယ့်ချစ်သူ ကို ပက်ပက်စက်စက် အနိုင်ယူနည်း”

(1) သူ့ကို ဘယ်တော့မှ ဦးစား မပေးပါနဲ့!

ဥပမာ… မုန့်​ဆိုင်​ထိုင် စားပြီးတဲ့ အခါမျိုးမှာ ကိုယ်က အရင်​ဦးဆုံး ပိုက်​ဆံ ထုတ်​ပြီးသာ ရှင်းပြစ်လိုက် …။

(2) စကားကို တစ်ခွန်းထက် ပိုပြီး မပြောခိုင်နဲ့!

ဥပမာ- ” ကိုကို … ဒါလေး ဝယ်ပေးနော် ” လို့ ပြောရင် ထပ်အပြောမခံနဲ့ ချက်​ချင်းသာဝယ်​​ပေးလိုက် …။

(3) သူ့ ခန္ဓာကိုယ် တကိုယ်လုံး အ​​ပေါ် ကိုယ့်လက်ချက်​​တွေပဲ ပြည့်​နှက်နေပါ​စေ၊

ဥပမာ – နှုတ်​ခမ်းနီ တို့၊ လက်​သည်းနီ တို့ကို ကိုယ်​တိုင်​ဆိုး​ပေးပစ်​လိုက်ပါ …။

(4) ကိုယ့်စကား တစ်​ခွန်းဆို တစ်ခွန်းပဲ ဖြစ်နေပါစေ၊

ဥပမာ – ” ချစ်… အိမ်​မှာပဲ ​နေ​ ” ” ဘယ်ဆိုဘယ်​မှ မသွားနဲ့ ” ” ကိုကို မုန့်​ဝယ်​ပြီး လာပို့​ပေးမယ်​ ” အဲ့လိုမျိုး …။

(5) ဘယ်တော့မှ အကောင်း မပြောပါနဲ့!

ဥပမာ – ​နေကြာ​စေ့ ခွာ​ကျွေးရင်​ ” ချစ်​လက်​ရာ မကြိုက်​ဘူး ကိုကိုပဲ ခွာ​ကျွေးမယ်​ ” ဆိုတာ မျိုးပေါ့ …။

(6) အရာရာ အလို မလိုက်ပါနဲ့!

ဥပမာ – သူက ဖုန်း Bill ထည့်ပေးမယ်​ ဆိုရင်​​တောင်​ အထည့်မခံနဲ့ ကိုယ့်ဘာသာကိုယ် ​ဝယ် ထည့်ပစ်လိုက်ပါ …။

(7) အမြဲတမ်း ရှေ့က ဦးဆောင်ပါ၊

ဥပမာ – Tuto ကူးတာတို့ Roll call ထိုးတာတို့ အချိုရည်​ဘူးတို့ ​ရေဘူးတို့ အပိတ်​အဖွင့် လုပ်တာတို့ ကိုယ်​ကပဲ ဦး​ဆောင်​ပြီး လုပ်​​ပေးလိုက်ပေါ့ …။

(8) အပြင် ​သိပ် မထွက်ခိုင်းနဲ့!

ဥပမာ – သူက ​အချဉ်ပေါင်း စားချင်ရင်​ သွားဝယ်​​လိုက် ၊​ ပြီးမှ သူ့ဆီ သွားပို့​ပေးလိုက်တာမျိုး …။

(9) ကိစ္စတိုင်းကို ကြိုပြီး အသိ​မ​ပေးနဲ့!

ဥပမာ – သူ့ Birthday အတွက် လွန်ခဲ့တဲ့ လကတည်းက လက်ဆောင် ဝယ်​ပေးထားတာမျိုး …။

(10) ဘယ်​​တော့မှ မ​ကြောက်​နဲ့!

ဥပမာ – ​ ​ခေါင်း​ခေါက်​လည်း မ​ကြောက်​မရွံ့ အ​ခေါက်​ခံလိုက်​ ၊ ဗိုက်​​ခေါက်​ လိမ်​ဆွဲလည်း မ​ကြောက်​မရွံ့ လိမ်​ဆွဲခံလိုက်​ ၊ လက်​ကိုကိုက်​လဲ မ​ကြောက်​မရွံ့ အကိုက်​ခံလိုက်ပါ …။

ချစ်သူကို အမြဲ အနိုင်ယူနိုင်ပါစေနော် …။ ။

Aung Thu Moe