အ ပျိုကြီးမမနန်းဆုရတီစိုးကတော့ အခုအချိန်အထိ ဆယ်ကျော်သက်ကောင်မလေးတွေလို ချစ်ဖို့ကောင်းနေတုန်းပါ။အနုပညာအလုပ်တွေကိုလည်း အချိန်ရရင်ရသလိုလုပ်ကိုင်နေသလို လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်နဲ့အဆက်မပြတ်အောင် သူ့ရဲ့ဖေ့ဘွတ်မှာတင်ပေးလေ့ရှသူပါ။

မကြာသေးခင်ကမှပြတ်စဲသွားတဲ့ နန်းဆုရဲ့အချစ်ရေးကိုပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြတာပါ။ဒီရက်ပိုင်းအတွင်းမှာ Crash Landing On You ဆိုတဲ့ ဇာတ်ကားနဲ့အတူ မြောက်ကိုရီးယားဗိုလ်ကြီးကလည်း မဒီလေးတွေကြားရေပန်းစားနေတာပါ။နန်းဆုကတော့ ဗိုလ်ကြီးဟာမိန်းကလေးတွေစံထားရတဲ့အမျိုးသားပုံစံမျိုးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

“သူ့ပုံစံက ချောတယ်၊မိုက်တယ်ဆိုတာထက်စာရင် ယောကျာ်းဆန်တယ်၊ယောကျာ်းပီသတယ်ပေါ့။တစ်ခြားမိန်းကလေးတွေ ဘယ်လောက်ချောချော ဘယ်လောက်လှလှသူ့ကောင်မလေးကလွဲရင် စိတ်မဝင်စားတတ်ဘူး” ဆိုပြီးတော့လည်း ဗိုလ်ကြီးရဲ့ပုံစံကို မှတ်ချက်ပေးထားပါသေးတယ်။အဲ့ဒီလိုလူမျိုးကိုတော့ ကိုယ်တိုင်မကြုံဖူးသေးဘူးလို့လည်း ဆိုထားပါသေးတယ်။ပရိသတ်တွေကတော့ နန်းဆုတစ်ယောက် နောက်ထပ်လည်းအချစ်ရေးတွေအဆင်ပြေစေဖို့ မျှော်လင့်နေကြတယ်မဟုတ်လားနော်…

Source : 8DaysVideo