သီ ချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီးရေးသားပြီး လူငယ်တွေရဲ့ကြားမှာ နာမည်ကြီးလူကြိုက်များနေတဲ့ အဆိုတော် G-Fatt ကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။လတ်တလောမှာ G-Fatt ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကတော်တော်လေးစိတ်မကောင်းဖြစ်နေခဲ့ရပါသေးတယ်။G-Fattကိုယ်တိုင်ကလည်း ပရိသတ်တွေစိတ်မကောင်းဖြစ်နေခဲ့ရသလို အသည်းကွဲဒဏ်ရာကို ခံစားနေခဲ့ရပါသေးတယ်။

အချစ်ရေးကြောင့် အသဲကွဲဝေဒနာကို ခံစားနေရတဲ့ G-Fatt ကို သူ့ရဲ့ ပရိသတ်တွေကတော့ စိတ်ပူပန်နေကြပေမဲ့လည်း G-Fatt ကတော့ အသဲကွဲဒဏ်ရာတွေကို အလုပ်တွေကိုကြိုးစားလုပ်ကိုင်ခြင်းတွေနဲ့ ကုစားနေတဲ့ လို့ဆိုရမလောက်ကို အလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေကြတာလည်း ပရိသတ်တွေမြင်တွေ့မယ်ထင်မှာပါ။ ဒီနေ့မှာတော့ G-Fatt ကတော့ “အကိုကအဝါရောင်ကိုချစ်တယ်။ ပြီတော့ မင်းကိုချစ်တယ် နှစ်ခုစလုံးက အကို့အတွက် မျက်စိအေးစေတယ်”ဆိုတဲ့ စာသားလေးနဲ့ ပုံလေးတစ်ချို့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့လိုက်ပါတယ်။

စာသားထဲမှာ G-Fattက အကိုလို့သုံးနှုန်းထားခဲ့တာကြောင့် ပရိသတ်တွေကတော့ G-Fatt တစ်ယောက်ချစ်ရမယ့် ညီမလေးများထပ်တွေ့နေပြီလားလို့မေးခွန်းထုတ်ပြီး စိတ်ဝင်တစားရှိနေခဲ့ကြပါသေးတယ်။တကယ်ပဲ ပရိသတ်တွေထင်သလိုများ G-Fatt တစ်ယောက် ချစ်ရမယ့် ညီမလေးတွေ့နေတာလား။ဒါမှမဟုတ် ဒီအတိုင်းပဲ ရေးခဲ့တာလား CeleGabar ပရိသတ်ကြီးတွေလည်း ဘယ်လိုထင်မိလဲ။

Chilli – CeleGabar
Source – G-Fatt