ပ ရိသတ်တွေရဲ့အချစ်တော်မအေးသောင်းကတော့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်နဲ့အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် အမျိုးသားထုကြီးတစ်ခုလုံးရဲ့ဝန်းရံအားပေးခြင်းကို ရရှိထားသူပါ။နှစ်အနည်းငယ်လောက် ပရိသတ်ရှေ့မှာပျောက်နေပေမယ့်လည်း အခုတဖန်ပြန်လည်ပြီးတော့ အနုပညာအလုပ်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိလာသူတစ်ယောက်ဖြစ်ပါတယ်။

ပရိ သတ်တွေနဲ့အမြဲထိတွေ့ဆက်ဆံနေလေ့ရှိသူ မအေးသောင်းကတော့ မကြာခဏဆိုသလိုသူ့ရဲ့အကြောင်းအရာလေးတွေကို ဖေ့ဘွတ်ခ်စာမျက်နှာမှာမျှဝေပေးလေ့ရှိပြီး ဒီနေ့မှာလည်း လွန်ခဲ့တဲ့ငါးနှစ်လောက်က သူ့တို့အိမ်မှာမုန့်ဟင်းခါးချက်ရောင်းဖြစ်တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ “ကိုယ့်လိုအစားကြိုက်သူများဘယ်သူတွေရှိလဲ။ အစားအသောက်အကြောင်းစပြောရရင် အမေ့ အကြောင်းကအစချီမှရမှာရယ်။အမေက ပုသိမ်သူလေ။ပုသိမ်ဆိုတော့ သိတယ်မှတ်လား ဧရာဝတီတိုင်းပေါ့။ဧရာဝတီတိုင်းဆိုကတည်းက မုန့်ဟင်းခါးမပါမပြီးပေါ့။ဒါပေမဲ့ အမေတို့ကဆန်းတယ်ဗျ ငါး (၅) မျိုးနဲ့ချက်တာ။ဟင်းချိုမှုန့်လုံးဝမသုံးဘူး။လွန်ခဲ့တဲ့ ၄/၅ နှစ်က တနင်္ဂနွေ တစ်ရက်ချက်ရောင်းသေးတာ။ စနေညဆိုချက်ပြီလေ။ည သန်းခေါင်ကျက်တာနဲ့လာယူလာစားကြတာ တနင်္ဂနွေလည်းရောက်ရော ရှိကိုမရှိတော့တာ။ ညကတည်းက အော်ဒါတွေလာယူကြတာ။အဲ့သလောက်ရောင်းကောင်းတာ” ဆိုပြီးရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ..ဒါ့အပြင် မအေးသောင်းကတော့ သူတို့ရောင်းတဲ့မုန့်ဟင်းခါးကောင်း မကောင်းဆိုတာကို စားဖူးတဲ့သူတိုင်းသိကြတယ်ဆိုတာကို ရေးသားခဲ့ပါသေးတယ်။မုန့်ဟင်းခါးကတော့ မြန်မာလူမျိုးတိုင်းကြိုက်နှစ်သက်ကြတဲ့အပြင် ဧရာဝတီတိုင်းကတော့ မုန့်ဟင်းခါးမှာ နာမည်ကြီးတာမို့ ပုသိမ်သူအမေကိုယ်တိုင်ချက်တဲ့မုန့်ဟင်းခါးကို မအေးသောင်းချီးမွမ်းခန်းဖွင့်တာလည်း လွန်မယ်မထင်ပါဘူးနော်။

Source – Aye Thaung
Rainbow- Cele Gabar