ပရိ သတ်တွေ ကို အမြဲတမ်းရယ်မောပျော်ရွှင်မှုပေးတဲ့ ပရိသတ်အချစ်တော် တက္ကသိုလ် ဂွမ်းပုံ နဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်တို့ ဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်ဝရရှိ ထားတဲ့ ဟာသသရုပ်ဆောင် မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တွေဘဲ ဖြစ်ပါ တယ် ။ အနုပညာအလုပ်တွေ အတူတူလုပ်ကိုင်ရင်း အနုပညာမောင်နှမတွေက နေ တစ်ကယ်ကို ချစ်ခင်ရင်းနှီးတဲ့ မောင်ရင်းနှမရင်းတွေလို ရိုက်ကွင်းနောက်ကွယ်မှာလည်း ခင်မင်ကြ တဲ့သူတွေဖြစ်ပါတယ် ။

ရုပ်ရှ င်ဇာတ်ကားပေါင်းများစွာ အတူတူ တွဲဖက်ရိုက်ကူးဖူးတဲ့အပြင် သူတို့ရဲ့ ဟာသ သရုပ်ဆောင် မှုတွေနဲ့ ပရိသတ်ကိုရယ်မောပျော်ရွှင်စေတဲ့သူတွေဖြစ်လို့ ပရိသတ် အချစ်တွေကို သိမ်းကြုံးယူထားတဲ့ဟာသ သရုပ်ဆောင် တွေလည်း ဖြစ်ပါတယ် ။ ” ဤအရာကို အချစ်ဟုခေါ်သည် ” ရုပ်ရှင်ကားကြီးမှနှစ်ယောက် စလုံး ဟာ ပရိသတ်တွေရဲ့ အကယ်ဒမီ ခန့်မှန်း မှုကို ရရှိခဲ့ပေမယ့် တက္ကသိုလ်ဂွမ်းပုံကသာ အကယ်ဒမီရရှိခဲ့ပြီး ခင်လှိုင် ကတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပါတယ် ။ ဒီနှစ်မှာတော့ ဦးခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားတဲ့ ချိုးရုပ်ဇာတ်ကားကြီးနဲ့ ဦးခင်လှိုင်ကို အကယ်ဒမီရစေချင်တယ်လို့ တက္ကသိုလ်ဂွမ်းပုံက ပရိသတ်တွေကိုပြောပြလာခဲ့တာဖြစ်ပါတယ် ။

မဂွမ်းအနေနဲ့ တကယ့် ဇာတ်ပို့စစ်စစ်တွေကိုပဲ အကယ်ဒမီရစေချင်တယ်လို့လည်း ဆိုပါတယ် ။ ဉာဏ်ရည်မမီတဲ့ ညီလေးကို အစ်ကိုကြီးအဖ နေရာကနေ ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ အစ်ကို တစ်ယောက်ရဲ့ (၅၂၈) မေတ္တာကိုပေါ်လွင်အောင် ပုံဖော်နိုင်ခဲ့တဲ့ ဦးခင်လှိုင်တစ်ယောက် ဒီနှစ်မှာ အကောင်းဆုံး အကယ်ဒမီ ဇာတ်ပို့ဆုကြီးကို ဆွတ်ခူးသွားမလားဆိုတာလည်း တကယ်ကို ရင်ခုန်စရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Exclusive On Cele Gabar
Emily ( Cele Gabar )