ေဖေ ဖာ္ဝါရီ(၂၀) AlinnMyay(အလင္းေျမ)

ေကတုမတီၿမိဳ႕သစ္သို႔ သြားေရာက္ရန္ ဆိုင္ကယ္ ကယ္ရီငွါးရမ္းေသာ အမ်ိဳးသမီးတစ္ဦးအား အဆိုပါ ဆိုင္ကယ္ ကယ္ရီသမားမွ ထန္းေတာတဲသို႔ ေခၚေဆာင္ၿပီး သားမယားအျဖစ္ ( ၃ )ႀကိမ္ျပဳက်င့္ခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြါးခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က ရဲတပ္ဖြဲ႕ထံမွ သိရပါတယ္ ။

ျဖစ္စဥ္မွာ ေတာင္ငူၿမိဳနယ္ ရွမ္းစုႀကီးေက်းရြာေန မ——–(၂၃ )ႏွစ္ သည္ ေဖေဖာ္ဝါရီ ၁၈ ရက္ မြန္းတည့္ ၁၂ နာရီအခ်ိန္တြင္ ေကတုမတီၿမိဳ႕သစ္သို႔ သြားေရာက္ရန္ ေတာင္ငူၿမိဳ႕ ( ၈ )ရပ္ကြက္ ၊ ပန္းၿခံေကြ႕ ဆိုင္ကယ္ ကယ္ရီဂိတ္မွ ကယ္ရီသမားတစ္ဦးအား ငွါးရမ္းခဲ့ေၾကာင္း တိုင္ၾကားစာအရသိရပါတယ္ ။

ယင္းသို႔ ငွါးရမ္းထားေသာ ဆိုင္ကယ္ ကယ္ရီသမားသည္ ေကတုမတီၿမိဳ႕သစ္သို႔ တန္းမသြားဘဲ ေတာင္ငူၿမိဳ႕အတြင္း လွည့္ပတ္ သြားလာျခင္း ၊ ၄င္းေနအိမ္သို႔ ေခၚေဆာင္သြားျခင္းမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ည ၉ နာရီ အခ်ိန္ခန႔္တြင္ ရန္ကုန္ – မႏၲေလး လမ္းေဟာင္းအတိုင္း ေကတုမတီၿမိဳ႕သစ္ဘက္သို႔ ေမာင္းႏွင္လာၿပီး အင္းဘုတ္ဘုရားအနီး ထန္ေတာအတြင္းသို႔ေခၚေဆာင္သြားၿပီး ထန္းရည္ေသာက္တဲအတြင္ အလိုမတူဘဲ သားမယားအျဖစ္ ( ၃ )ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း တိုင္းၾကားစာအရသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အလိုမတူဘဲ သားမယားအျဖစ္ ( ၃ )ႀကိမ္ျပဳက်င့္ခဲ့ေသာ ေအာင္ကိုလတ္( ခ) ကၽြဲႀကီး ( ခ) အလီပိုင္ ( ၂၂ )ႏွစ္ (ဘ )ဦးတင္ေအး ၊ ၁၂ ရပ္ကြက္ ၊ေတာင္ငူၿမိဳ႕ေနသူအား ေတာင္ငူၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီး စစ္ေဆး ေဆာင္ရြက္ထားေၾကာင္းသိရပါတယ္

ေနလင္းေအာင္(ေတာင္ငူ)

AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရး၊ ျပည္သူ႔ အသံ ေဖာ္ေဆာင္ေရး ႏွင့္ သတင္းမွန္ မီဒီယာ

Unicode

ကယ်ရီငှါးသော အမျိုးသမီးအား ကယ်ရီသမားမှ အဓမ္မပြုကျင့်မှုဖြစ်

ကေတုမတီမြို့သစ်သို့ သွားရန်ကယ်ရီငှါးသော အမျိုးသမီးအား အဆိုပါ ကယ်ရီသမားမှ အဓမ္မပြုကျင့်

ဖေဖော်ဝါရီ(၂၀) AlinnMyay(အလင်းမြေ)

ကေတုမတီမြို့သစ်သို့ သွားရောက်ရန် ဆိုင်ကယ် ကယ်ရီငှါးရမ်းသော အမျိုးသမီးတစ်ဦးအား အဆိုပါ ဆိုင်ကယ် ကယ်ရီသမားမှ ထန်းတောတဲသို့ ခေါ်ဆောင်ပြီး သားမယားအဖြစ် ( ၃ )ကြိမ်ပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ထံမှ သိရပါတယ် ။

ဖြစ်စဉ်မှာ တောင်ငူမြိုနယ် ရှမ်းစုကြီးကျေးရွာနေ မ——–(၂၃ )နှစ် သည် ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် ကေတုမတီမြို့သစ်သို့ သွားရောက်ရန် တောင်ငူမြို့ ( ၈ )ရပ်ကွက် ၊ ပန်းခြံကွေ့ ဆိုင်ကယ် ကယ်ရီဂိတ်မှ ကယ်ရီသမားတစ်ဦးအား ငှါးရမ်းခဲ့ကြောင်း တိုင်ကြားစာအရသိရပါတယ် ။

ယင်းသို့ ငှါးရမ်းထားသော ဆိုင်ကယ် ကယ်ရီသမားသည် ကေတုမတီမြို့သစ်သို့ တန်းမသွားဘဲ တောင်ငူမြို့အတွင်း လှည့်ပတ် သွားလာခြင်း ၊ ၄င်းနေအိမ်သို့ ခေါ်ဆောင်သွားခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ည ၉ နာရီ အချိန်ခန့်တွင် ရန်ကုန် – မန္တလေး လမ်းဟောင်းအတိုင်း ကေတုမတီမြို့သစ်ဘက်သို့ မောင်းနှင်လာပြီး အင်းဘုတ်ဘုရားအနီး ထန်တောအတွင်းသို့ခေါ်ဆောင်သွားပြီး ထန်းရည်သောက်တဲအတွင် အလိုမတူဘဲ သားမယားအဖြစ် ( ၃ )ကြိမ်ပြုကျင့်ခဲ့ကြောင်း တိုင်းကြားစာအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အလိုမတူဘဲ သားမယားအဖြစ် ( ၃ )ကြိမ်ပြုကျင့်ခဲ့သော အောင်ကိုလတ်( ခ) ကျွဲကြီး ( ခ) အလီပိုင် ( ၂၂ )နှစ် (ဘ )ဦးတင်အေး ၊ ၁၂ ရပ်ကွက် ၊တောင်ငူမြို့နေသူအား တောင်ငူမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေး ဆောင်ရွက်ထားကြောင်းသိရပါတယ်

နေလင်းအောင်(တောင်ငူ)