ေ တာင်ငူမြို့နယ် ၊ ကင်းဆိပ်အုပ်စု ၊ ဖိုးနီဆိပ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ငွေကျပ် ( ၇၀၀၀)ဖြင့် မတည်ကာ ရှင်ပြုအလှူတော် မင်္ဂလာပွဲ ကျင်းပခဲ့ကြောင်းသိရပါတယ်။

ဖိုးနီ ဆိပ်ကျေးရွာနေ ဒေါ်စိန်တင့်ဆိုသည့်( မုဆိုးမ )( ၅၇ )နှစ် အရွယ် အမျိုးသမီးကြီးမှ မြေး ဖြစ်သူအား ရှင်ပြုပေးချင်သောကြောင့် ငွေကျပ် ( ၇၀၀၀)နှင့် အတူ သင်္ကန်း (၁)စုံ ၊ ပုတီး(၁)ကုံး ၊ သပိတ်( ၁) ယူဆောင်လာကာ ကျေးရွာ ရာအိမ်မှူးထံသို့ လာရောက်ကာ မိမိ မြေးလေးအတွက် ရှင်ပြုချင်ကြောင်း ပြောကြားလာသောကြောင့် ကျေးရွာ လူကြီးမှတဆင့် ကျေးရွာသားများစုပေါင်း ကုသိုလ်ဖြင့် ရှင်ပြုအလှူတော် မဂ်လာပွဲကျင်းပနိုင်ခဲ့ကြောင်း အဆိုပါကျေးရွာသား များထံမှ သိရပါတယ်

” ငွေ ၇၀၀၀ ၊ သင်္ကန်( ၁)စုံ ၊ သပိတ် ( ၁)လုံး ၊ ပုတီး( ၁)ကုံး ယူဆောင်လာပြီး သူမြေးလေးကို ရှင်ပြုပေးချင်ကြောင်း ၊ အလှူပွဲအား မနက်ဖန် စီစဉ်​ပေးစေချင်ကြောင်းပြောကြာလာသောကြောင့် ရွာဦးကျောင်းဆရာတော်ထံ လျှောက်ထားပြီးနောက် ကျေးရွာသားများ စုပေါင်းကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီမှာ အားချင်း အလှူဝတ် လှည့်ကာ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အလှူကြီးကျင်းပ ပေးခဲ့ကြ ကြောင်း ယခုလို မရှိတဲ့ သူကို လှူချင်တဲ့ ဆန္ဒပြည့်သွားအောင် ဝိုင်းဝန်းကူညီပေးကြသော လူအားလုံးကိုလည်း ဒေါ် စိန်တင့်ကိုယ်စား ကျေးဇူးအထူးတင် သာဓု ခေါ်ဆိုပါကြောင်း ” ကျေးရွာ ရာအိမ်မှူး ဦးမြင့်စိုး ကဆိုပါတယ်။

အမေကြီး ဒေါ်စိန်တင့်သည် စိတ်ကျန်းမာရေးအနည်းငယ်မကောင်းသူ တစ်ဦးဖြစ်ပြီး ၊ ယင်းနေ့ အလှူပွဲပြီးဆုံးပြီး စုပေါင်းအလှူငွေမှ ပိုလျှံလာ သော ငွေတစ်ချို့အား ကျေးရွာအတွင်းရှိ ကလေးသူငယ်များအား အဟာရဒါန အဖြစ် ပြန်လည်းဒါန်းပေးခဲ့ကြောင်းသိရတယ် ။

နေလင်းအောင်( တောင်ငူ )

21 2.2020

From Zin Moe