မႏၲေ လး – မြစ်ကြီးနား ရထားလမ်းပိုင်းပေါ်ရှိ သံလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းက ထန်းပင်အပိုင်း နှင့် ကျောက်တုံးဖြင့် ပိတ်ဆို့ချထားသူအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြစ် မှုကျူးလွန်သူမှာ ခင်ဦးမြို့ ၊ မြကန်သာရပ်ကွက်နေသူ အသက် ၂၂ နှစ်အရွယ် မီးရထားသံလမ်းလုပ်သား သန်းထွေးဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရကြောင်း၊ယင်းကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ်တွင် ဖမ်းဆီးမိခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မြစ်ကြီးနား မှ မန္တလေးသို့ မောင်းနှင်လာသည့် မြစ်ကြီးနား-မန္တလေး၊ အမှတ်(၄၂) အစုန် လူစီးရထားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ နယ်၊ မဒေါင်းလှ ဘူတာနှင့် ခင်ဦးဘူတာကြား၊ ရထားသံလမ်းပေါ်၌ အရှည်(၄)ပေနှင့် (၅)ပေခန့်ရှိ ထန်းပင်လုံး(၂)လုံးနှင့် မိုင်တိုင်အမှတ်(၄၅၈/၂၄)တွင် သံလမ်းနှစ်ခုကြား၌ (၁၂)လက်မခန့်အမြင့်ရှိ ကျောက်တုံး(၁)တုံးတို့ ချထားသည်ကိုတွေ့ရရှိရသဖြင့် စက်ခေါင်းမောင်းမှ ရထားကို အချိန်မီ ရပ်တန့်ဖယ်ရှားရှင်းလင်းခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ အမှုအတွက် ခင်ဦးဘူတာ ရုံပိုင်ကြီး ဦးစောသိန်းဝင်းက တရားလိုပြုလုပ်၍ ခင်ဦးမြို့မရဲစခန်းတွင် (ပ)၈၉/၂၀၂၀ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ၈၄ အရ အမှုဖွင့်ထားခဲ့ပြီးရထားရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျူးလွန်ခဲ့သူ မှာ လွန်ခဲ့သော ၁ လခန့်က သံလမ်းလုပ်သား ဇော်ဦးနှင့် စကားများခဲ့သဖြင့် မူလနေရာမှ ကန့်ဘလူဘူတာအခြေပြုလုပ်ငန်းသို့ ပြောင်းရွှေ့တာဝန်ချထားခံခဲ့ရခြင်း၊၎င်း၏အထက်အရာရှိထံ လစာကြို တင်ငွေထုတ်ပေးရန် တောင်းခံသည်ကို ထုတ်မပေးခဲ့ ခြင်းတို့အပေါ် မကျေမနပ်ဖြစ်ခြင်းတို့ကြောင့် ဌာနတာဝန် ရှိသူများ ဒုက္ခရောက်စေရန်ရည်ရွယ်ပြီး ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးလွန်သူအနေဖြင့် အများပြည် သူသွားလာနေသည့် ရထားသံလမ်းပေါ်တွင် အန္တရာယ်ဖြစ်စေနိုင်သည့် အရာဝတ္ထုပစ္စည်းများကို တမင်ရည်ရွယ် ချက်ဖြင့် ချထားခဲ့ခြင်းကြောင့် ခရီးသွားပြည်သူတို့၏ အသက်အန္တရာယ်ကို ထိခိုက် စေနိုင်သည့်အတွက် ယင်းအား ထိရောက်သောပြစ်ဒဏ်ရရှိရေး ထပ်မံအမှုဖွင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

Credit Pyi Myanmar