ဒဂုံ တက္ကသိုလ် အဝေးသင်ဌာနမှ စာရေးမများ သိစေလို… ​”assignment တင်ထားတာလုံးဝမရှိလို့ ကျတာပါ”ဒီတစ်ခွန်းနဲ့တင် ကျမ ငြိမ်ခံလိုက်ရပါတော့မယ် ။ တကယ်တမ်းက တင်ထားတာအတိအကျရှိပါတယ် (လူကိုယ်တိုင်တင်ခဲ့တာပါ)ပထမဆုံး assignment ကိုကိုယ်တိုင်စရေးဖူးတာမို့လို့စာစဉ် သွားထပ်တဲ့နေ့ ကပဲ အဲ့ဒီက လက်ခံနေသူများကိုမေးမြန်း ခဲ့ပါတယ်(ခုံနံပါတ် ရေးနည်း/module ,etc.) (လေသံချိုချိုသာသာနဲ့ မဟုတ်ဖူးနော်..ကိုယ့်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ကျောင်းတက်ပြီး စာရေးငေါက်ခံ ခဲ့ရတာမျိုး)သူတို့ ပြောပုံအတိုင်းလုပ်စရာရှိတာလုပ်ပြီး ထပ်တယ်.. သူတို့ စစ်ဆေးခဲ့တယ် ၊”ရပြီ ထားခဲ့တော့” လို့ တစ်ခွန်းပဲ ပြောခဲ့တယ် ၊မြင်ရသလောက်ကတော့ သူတို့ တစ်စုံတစ်ခုကို ရေးပြီး အလုပ်ရှုပ်နေကြပုံပါပဲ ၊ ကျမ နာမည်ကို စာရင်းထဲ ထည့်ဖို့ မေ့ရလောက်တဲ့ အထိပေါ့ ။

ကျမ လဲ သူတို့ဟောက်တာကိုကြောက်ကြောက်နဲ့ ဘာမှ ထပ်မမေးရဲခဲ့ဘူး.. ဒါကြောင့် “ထားခဲ့”ဆိုတော့ ချလမ်ကိုပါ ထားခဲ့လိုက်ပါ တယ်၊ ကျမ assignment ဘောင်မဝင်မှာစိုးလို့လေ။သတ်မှတ်ရက် အတွင်း မှန်မှန်ကန်ကန် တင်ခဲ့တဲ့ assignment မို့ ကျမ စိတ်ချလက်ချနဲ့တစ်နှစ်လုံးနေနေခဲ့တာပါ။အောင်စာရင်း ထွက်ခါနီး..(လွန်ခဲ့တဲ့ တစ်ပတ်)ပေါ့လေ။ထွက်မယ် သတင်းကြားတော့ ကျမလဲ အားလုံးနည်းတူ ငါ အောင်ပါ့မလား စိတ်ကတော့ ဝင်တာပါပဲ ဘာသာစုံ solid ရခဲ့တာ သေချာပေမယ့် အစိုးရိမ်ကြီးတတ်သူမို့ ပါ။တကယ်တမ်း အဝေးသင်က စာစဉ် အဓိက ပါ ၊စာစဉ်သာ တင်ထား..တချို့paper တွေ ဆို ၃ ပုဒ် solid နဲ့ ရောချ ၂ ပုဒ် ဘာညာနဲ့တောင်အောင်တာမျိုးပါ ၊စာမေးပွဲ ဖြေတဲ့အပိုင်းကတော့ ဖြေဖူးတော့ သိပေမယ့် စာစဉ် ကိုယ်တိုင် တင်တာက တော့ ပထမဆုံးပါ ။

“စာတွေ ရှယ်ဖြေထားပါဦး.. စာစဉ်မတင်ရင် ကျတယ်”ဟုတ်ပါတယ် ဒီစကားကို.. သိလဲ သိတယ်..ဒါကြောင့်သေချာကိုလဲ တင်ခဲ့တာပါ ။(ကျမကိုယ်တိုင် သူငယ်ချင်းတွေကို တောင် သတိပေးခဲ့ပါသေးတယ်)*အခုကျ စာရေးမ,ကရေးတဲ့ နာမည် စာရင်းထဲ ကျမ မပါလာလို့ ကျတာတဲ့လား* Emajor က စာအသေရေးဖြေရတာပါ..လက်အ​ညောင်းခံပြီး ရေးဖြေခဲ့သမျှအစထဲက သွားဖြေလည်းကျ မဖြေလည်းကျမယ့် assignment နဲ့(လွတ်ပြီလို့ ထင်ထားတဲ့ assignment နဲ့)မှ ကျရပြီ။ဖြေပြီး သူငယ်ချင်း တွေနဲ့ အဖြေတိုက်တော့ကိုယ့်လောက်တောင် မဖြေထားတဲ့ သူတွေ လည်းရှိလို့ သူတို့ကိုတောင် စိတ်ပူပေးခဲ့.. အားပေးခဲ့တာပါ။(အဲ့ဒီ သူငယ်ချင်းတွေ အကုန်အောင်ကြပါတယ်)ဒီလိုကြီး ကိုယ့်ဘက်က sure ကြီးတွေ ကြိုးစားခဲ့တာကို သူတို့ စာရေးမ က ကျမနာမည် မှတ်ထားတာမရှိတာနဲ့ပဲ ချလိုက်တာ ဖြစ်သတဲ့ရှင်နင်ကလဲ တစ်နှစ်ကျတာဘာဖြစ်လဲ ??ဘာမှမဖြစ်ဖူးရှင့် ဖြစ်တာက အဲ့ဒီ ပေါ့လျော့တဲ့ စာရေးမ(တွေ) ကို မကျေနပ်တာပါ။

စာစဉ်မတင်ရင် ချတယ်? ဟုတ်ပြီ။ဒါဆို ရှင်တို့ပေါ့လျော့လို့ စာမေးပွဲ ကျရတဲ့ကျောင်းသားတွေကိုရော ဘာလုပ်ပေးမှာလဲ ??အမှတ်မမီလို့ အဝေးသင်တက်တာလဲ မဟုတ်..ကိုယ့် story နဲ့ကိုယ်တက်ခဲ့တာအဲ့တာကို ဒီ ဘာမဟုတ်တဲ့ အဝေးသင်တောင်ကျရလေ ခြင်း ဆိုတာချည်းက ပြောလို့ကောင်းမနေဘူးလေ ။အဲ့စာရေးမကို မမှတ်မိဘူးလားမေးရင်တော့တင်ခဲ့တာ ကြာလှဘီ ဘယ်လိုလုပ်မှတ်မိပါ့မလဲအငြိမ်းစားကထိက တစ်ယောက် ပြောတာကတော့ အခုလိုမျိုး သူတို့ဘက်က ပေါ့လျော့လို့ ကျသွားတဲ့ သူတွေ အရင်နှစ်တွေကရော (ဒီနှစ်ရော) ရှိတယ် လို့ပြောတယ်**ဆိုတော့ကာ ဘယ်သူမှ ဘာမှ မလုပ်ကြတော့ဘူးလား?စဉ်းစားကြည့်ပါဦး.. ဘယ်နိုင်ငံက ဘယ်တက္ကသိုလ်က ကျောင်းသားကို ဒီလို တာဝန်မယူတာရှိလဲ

Only in burma နော် အခုချိန်မှာတော့ အဲ့ချလမ်ကို ဓာတ်ပုံဖြစ်ဖြစ်ရိုက်ထားတာရှိရင်ကောင်းသားလို့ တွေးမိတယ်နာမည် မပါတဲ့ အောင်စာရင်းကို ထပ်တလဲလဲ ပြန်ကြည့်နေမိတယ်(ကိုယ့်ခုံနံပါတ်များ တခြားနှစ်တွေနဲ့မှားများနေလားဆိုပြီး 1st yr တွေ 2nd yr တွေတောင်ရှာခဲ့ပါသေးတယ်) အားလုံးလဲ လက်ထဲမှာ ရှိတဲ့ ဖုန်းကို အသူံးချဖို့ ၊စာချုပ်စာတမ်း တစ်ခုခုဆို ဓာတ်ပုံရိုက်လို့ရရင်ရိုက်ထားဖို့ ပဲ အကြံပေးချင်ပါတော့တယ် စာအရှည်ကြီး ဖတ်ပြီး အကုသိုလ် ပေးလိုက်ရတာလဲ တောင်းပန်ပါတယ် အားလုံးကို။ကျေးဇူးပြုပြီး Share ပေးပါဦး သက်ဆိုင်သူ စာရေးမများ သိစေချင်လို့။