ခင် ဗျား တို့လိုချင်တဲ့ ဗစ်တိုးရီးယားအတွက် တရားမျှတမှုဆိုတာက ဟို ကလေးနှစ်ယောက်ကို ထောင်ကျစေချင်တာလား? တရားဥပဒေ ဆိုတာက လူတွေ အလျဉ်းသင့်သလိုချမှတ်ထားတဲ့ ပြစ်မှု ပြစ်ဒဏ် စည်းကမ်းတွေသာ ဖြစ်တဲ့အတွက် မှန်ချင်မှ မှန်မယ် တရားမျှတမှု ဟုတ်ချင်မှဟုတ်မယ် …။

ဆိုတော့ ထောင်ကျသွားတိုင်းကော လူတွေက ပိုကောင်းတဲ့သူတွေ ဖြစ်လာကြလား ပေါ့။ ကိုကို ညီညီ ဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေဖြစ်နေတဲ့အတွက် ဒါကို ပိုလို့စဉ်းစားရမယ်။ အဲ့လိုပြောလိုက်လို့ မုဒိန်းကောင်ကိုအားပေးတာမဟုတ်ဖူး သမီးရှင်ဘက်ကစဉ်းစားသလို သားရှင်ဘက်ကစဉ်းစားကြည့်ရအောင် …။

ကျနော် စဉ်းစားဖူးတယ် အဲ့ ကလေးနှစ်ယောက်က ငါ့ သားဖြစ်နေခဲ့ရင်ဆိုတဲ့စိတ်နဲ့ တစ်ကယ်လည်း ကိုယ်မွေးမှ ကိုယ့်သားလောက်ရှိတာကိုး။ ကျနော်ကတော့ လိုက်ရှင်းမှာပဲ ရှိသမျှစည်းစိမ်တွေပုံအောပြီး ကျနော့်သားထောင်မကျဖို့ ကြိုးစားမယ်။ အဲ့ဒါ အဖေတစ်ယောက်အတွက် အမှန်တရားပဲ။ ကျနော့်မျက်စိထဲမှာ ကိုကို ညီညီကိုကလေးလို့သာမြင်ပြီး အဲ့အရွယ်မှာဖြစ်နေတဲ့ လူပျိုပေါက်အရွယ်တစ်ယောက်ရဲ့ လိင်စိတ်သောင်းကျန်းမှုကို ခံစားနားလည်မိတယ် …။

သေချာစဉ်းစားကြည့်ရအောင် ခင်ဗျားတို့ ကျနော်တို့ အဲ့အရွယ်မှာeducation ရခဲ့လား? မရခဲ့ကြဘူး တီဗွီမှာ Eva ကြော်ငြာလာရင်တောင် ဘာမှန်းမသိခဲ့ဘူး။ ဘေးအိမ်ကရှစ်တန်းကျောင်းသူအစ်မကြီး ရေချိုးရင် ချောင်းကြည့်တယ် အပြာစာပေတွေခိုးဖတ်တယ် အပြာကားတွေခိုးကြည့်တယ် မိန်းမတစ်ယောက်ရဲ့ အင်္ဂါ ဆိုတာ ဘာကြီးလဲ ဘလိုမျိုးလဲ အရှင်လတ်လတ်မြင်ဖူးချင်ပြီး အပေါက်မြင်ရင်တောင်လုပ်ချင်နေတဲ့ သွေးသားဆူဖြိုးတဲ့အရွယ် …။

အဲ့လိုအရွယ်တွေကို ထိန်းကျောင်းတဲ့ကျောင်းတစ်ခုက ဆရာ ဆရာမတွေရဲ့ ပညာအရည်အချင်းကဘယ်လောက်လဲ? ဆရာ ဆရာမအင်အား? အဲ့အရွယ်မှာဖြစ်တတ်တဲ့ အဲ့လိုပြသနာတွေကိုကော ဆရာတွေက သိကြရဲ့လား ဘယ်လိုကာကွယ်မှုတွေလုပ်ထားသလဲ ကလေးတွေကို လိင်ကိစ္စနဲ့ပက်သက်ပီး ဘယ်လိုသင်ပြပေးထားကြလဲ? ကျောင်းမှာကော ကလေးတွေဟာ ဘယ်လိုစည်းကမ်းတွေနဲ့နေထိုင်နေကြလဲ …?

သေချာစဉ်းစားကြည့်တဲ့အခါ ဖြစ်ချိန်တန်လို့ဖြစ်သွားပြီလို့ပြောရင်လည်း ကိုယ်ချင်းမစာရာရောက်မယ်။ ဒါပေမယ့် ဖြစ်သွားပြီးပြီ ဘာလုပ်ကြမှာလဲ? ကျနော့်သဘောက အဲ့ ကောင်လေးနှစ်ယောက်ကို ထောင်မကျစေချင်ဘူး။ ထောင်ကျသွားလည်း ပိုကောင်းလာမယ့်လူတွေ ဖြစ်လာမယ်လို့ မယုံကြည်တဲ့အတွက်ပဲ။ ထောင်ကျသွားလည်း ဗစ်တိုးရီးယားလေးဟာ အပျို ပြန်ဖြစ်မသွားဘူး …။

ဆိုတော့ ကျနော်ဖြစ်စေချင်တာက သမီးရှင်ဘက်က ကိုကိုညီညီကို ထောင်ကျစေချင်တာလား တရားဥပဒေအတိုင်းမဟုတ်ပဲ တရားလိုဘက်က ကျေနပ်နိုင်မယ့်နည်းလမ်းတွေ တတ်နိုင်သလောက်စဉ်းစားရတာပဲ။ တောင်းပန်ရမယ် ကိုကိုညီညီတို့မိသားစုတစ်ခုလုံး ဗစ်တိုးရီးယားတို့မိသားစုကို ဒူးထောက်ပြီး ဝိုင်းတောင်းပန်ကြ။ လျော်ကြေးပေးရမယ် ဒါ ငွေစကားပြောတာမဟုတ်ဖူး ပေးကိုပေးရမယ် ပေးသင့်တယ် …။

ဗစ်တိုးရီးယားရဲ့ အနာဂတ်အတွက် ကိုကိုညီညီတို့ မိသားစုမှာ တာဝန်အပြည့်ရှိတယ် နောင်တစ်ချိန်အရွယ်ရောက်လာတဲ့အခါ ပေးစားချင်ပေးစားကြ အဲ့ကိစ္စနဲ့ပက်သက်ပြီး တစ်အိမ်နဲ့တစ်အိမ်ဝင်ထွက်သွားလာကြ ဆွေမျိုးတွေလိုဖြစ် ကိုကိုနဲ့ပဲငြားငြား ညီညီ့ကိုပဲယူယူ။ နောင်အလားတူပြသနာတွေမဖြစ်ဖို့ စည်းကမ်းတွေချမှတ် ဆရာ ဆရာမတွေက ပိုပြီး aware ဖြစ်ဖို့ ကလေးတွေကို education အကြောင်းပြောဖို့ Teaching Curriculum မှာ ထည့်ဆွဲဖို့ စသဖြင့် စသဖြင့် ဒါတွေကို ဦးတည်ရမှာ …။

သက္ကလပ်မိုးညိုက ဖျာဝင်ခင်းတယ် ခင်ဗျားတို့က ပရိုဖိုင်တွေချိန်း အဲ့တော့ အမှုကနိုင်သွားလား နိုင်တော့ကော ဘာဖြစ်တုန်း ရှုံးတော့ကောဘာဖြစ်တုန်း။ မြန်မာနိုင်ငံရဲ့ တရားဥပဒေဘာညာ မီးမောင်းထိုးပြတာတွေ ဘာတွေ စောက်ရေးမပါတာတွေလာမပြောနဲ့ ကျနော့်မျက်စိထဲမှာတော့ ကလေးတွေရဲ့ အနာဂတ်ကိုပဲတွေးတယ် မြင်မိတယ်။ ဒို့ချစ်တဲ့ကမ္ဘာ ဒို့ချစ်တဲ့ကလေးတွေ မဟုတ်ဖူးလား ဗျာ …။ ။

Shine Thurein