Donnie Yenကို အထူးပြောစရာ မလိုလောက်တော့ပါဘူး။ Ip Manစတား လို့တောင်ခေါ်ထိုက်သူပါ။ သူရဲ့ဇာတ်ကားတိုင်းလိုလို ပရိသတ်တွေရဲ့ စိတ်ဝင်စားမူ ရရှိခဲ့ပါတယ်။ မကြာသေးမီက ထွက်ရှိထားတဲ့ Ip Man4 The Final ဇာတ်ကားကလည်း ပီပြင်လှတဲ့ တိုက်ကွက်တွေနဲ့အတူ ပရိသတ်ရဲ့ စိတ်ဝင်စားမူကို ရရှိခဲ့ပါတယ်။

အခုလို နာမည်ကြီးမင်းသား Donnie Yenကတော့ လက်တလောမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖက်ရေးအတွက် အထောက်အကူပြုစေမဲ့ လှူဒါန်းမူလေးပြုလိုက်ပါပြီ။

Ip Man စတား မင်းသား Donnie Yen ဟာ ကိုရိုနာဗိုင်းရပ်စ် နှိမ်နှင်းတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ စွမ်းစွမ်းတမံ ဆောင်ရွက် နေကြတဲ့ ဆေးပညာဆိုင်ရာ ဝန်ထမ်းတွေအတွက် ဟောင်ကောင် ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

ဒါ့ပြင် Yen ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ခိုက်နေကြတဲ့ တရုတ်နိုင်ငံထဲက ဆေးပညာဆိုင်ရာ လုပ်သားတွေ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း လူမှု ကွန်ရက်မီဒီယာ Weibo မှာလည်း ပြောကြားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၁၂၈ ဦးရှိပြီး ကူးစက်ခံရသူပေါင်း ၇၅,၀၀၀ ကျော်နေပြီလို့ သိရပါတယ်။