သ ရုပ်ဆောင် ဝေဠုကျော်အား သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၄၁၇ ဖြင့်အမှုဖွင့်ထားသော တရားလို သင်းသင်းက ကိုယ်လုံးတီး ဖက်ရိုက်ထားတာ အတူတူ ဖက်ရိုက်ထားတာ နမ်းတဲ့ ပုံကမရှိဘူးလို့ ပြောကြားခဲ့သည်။“အခုကတော့ ရုံးချိန် စစ်ဆေးတာ မီးပျက်သွားတယ်။ နောက်ရုံးချိန်းပြန်ချိန်းတယ်။စစ်ဆေးတာက သိပ်တော့ မကြာပါဘူး။ မိနစ် ၂၀လောက်ပဲ ကြာတယ်။

အစ်မတို့က သမီးရည်စားဓာတ်ပုံတွေ ဖက်ရိုက်ထားတာ ၊ ကိုယ်လုံးတီး ဖက်ရိုက်ထားတာ အတူတူ ဖက်ရိုက်ထားတာ နမ်းတာ ပုံကမရှိတော့ ၊ အစ်မဘက်က လိမ်လည်မူမြောက်အောင် သက်သေတင်ရမှာ အမှုအခြေအနေကတော့ ကိုယ့်ဘက်ကနေပြီးတော့ အားရပါတယ်။

ကျန်တဲ့အပိုင်းက ရုံးကဆုံးဖြတ်ရမှာပါ။အစ်မအနေနဲ့က ထိရောက်မှုရှိတဲ့ အရာတွေကိုဘဲ၊ တင်ထားတာပါ။တစ်ဖက်ကအခြေအနေဆိုတာက အနုတ်နဲ့ အပေါင်းလိုပေါ့။ ဒါပေမဲ့ သူတင်းရင်း ကိုယ့်လည်းပြန်တင်းမှာပေါ့။

စစပိုင်းအမှုဖြစ်တုန်းက သူ့အသိုင်းဝိုင်းက လူတွေက ကိုယ့်ကိုညှိနှိုင်းတာတွေရှိတယ်။ညှိနှိုင်းတယ်ဆိုတာ ကာယကံ ရှင်ကို အသိပေးပြီးမှ ညှိနှိုင်းရတာ။ဒါတောင် အင်တာဗျူး မှာ လိမ်ပြီးတော့ ဖြေထားပြီး

တစ်ဖက်ကလည်း သူတို့ဘက်က နာမည်ထုတ်မပြောပါနဲ့ တောင်းပန်ထားလို့ ဒီအတိုင်းလေးဖြေရှင်းထားတာတွေရှိပါတယ်။ ညှိနှိုင်းမှုနဲ့ ပတ်သက်လို့ သင်းသင်းက ဘယ်သူကိုမှ သွားပြီးအစမလုပ်ထားပါဘူး။မည်သူမည်ဝါမှ ပတ်သက်ပြီးစော်ကားထားတာမရှိပါဘူး။အဓိက အစ်မက ကိုယ့်ယုံကြည်မှုနဲ့ ကိုယ့်လျှောက်တယ်။

တစ်ဖက်ကတော့ တစ်ဖက်ကအပိုင်းပေါ့အစ်မကတော့ ဘာမှသိပ်မပြောချင်ပါဘူး။ နောက်ရုံးချိန်းက မတ်လ ၄ ရက်နေ့ဖြစ်ပါတယ်။ ရုံးချိန်းအနေနဲ့ကတော့ အခုစစ်ဆေးနေတာ ဒီအမှုက တစ်နှစ်ခွဲကျော်ကြာပါပြီ။”ဟုဖြေကြားခဲ့သည်။အလှမယ်သင်းသင်းမှ သရုပ်ဆောင် ဝေဠုကျော် အား

ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆို တိုင်ကြားထားသည့် အမှုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံး တွင်ရုံးချိန်းတွင် ဆက်လက် စစ်ဆေးလျှက်ရှိရာ၊ ပြောထားခဲ့ကြဖူးသည့် အသံဖိုင် သက်သေတင်သွင်းထားခြင်းအား ထပ်မံဆောင်ရွက်မည့် မတ်လ ၄ ရက်နေ့ရုံးချိန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။