အနု ပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ လက်ရှိအချိန်အထိ လူပျိုကြီးဘဝနဲ့ မိဘတွေက်ု လုပ်ကျွေးပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ခန့်စည်သူဟာ နေမကောင်းဖြစ်နေတဲ့ မိခင်နဲ့ ဖခင်ဖြစ်သူကို တစ်လှည့်စီပြုစုစောင့်ရှောက်နေရပါတယ်။

ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တုန်းကလည်း ခန့်စည်သူဟာ သူ့ရဲ့ မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတာကြောင့် ဆေးရုံတက်နေခဲ့ရတာကို ကိုယ်တိုင်ကိုယ်ကျ ဆေးရုံစောင့်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ အမေဖြစ်သူကို ပြုစုစောင့်ရှောက်နေရင်းနဲ့ကိုပဲ အဖေဖြစ်သူကလည်း နေမကောင်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရတာကြောင့် အမေတစ်လှည့်အဖေတစ်လှည့်ပြုစုစောင့်ရှောက်ပေးနေရပါသေးတယ်။

မိဘနှစ်ပါးစလုံးအခုလို ကျန်းမာရေးမကောင်းဖြစ်နေခဲ့တာကြောင့် ခန့်စည်သူတစ်ယောက် စိတ်မကောင်းဖြစ်နေခဲ့ပြီး “အမေတစ်လှည့် မပြီးခင် ခုတော့ အဖေတစ်လှည့် ပေါ့လေ။ခန္ဓာရှိရင် ဝေဒနာရှိတယ်။” လို့ဆိုကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ကိုခန့်ရဲ့ မိဘတွေ အမြန်ဆုံးနေပြန်ကောင်းလာအောင်ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြပါဦးနော်။

Credit-