မြန် မာနိုင်ငံမှာသာမက သြစတေးလျက ပရိတ်သတ်တွေကပါ အသည်းစွဲ ချစ်ကြတဲ့ သူကတော့ ယမင်းဦးပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ပန်ကိတ်ဒါဒါ လို့ ခေါ်ကြပါတယ်။ သူမဟာ အချစ်ရေးမှာ ကံခေသူဖြစ်ခဲ့ပေမယ့် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ကြားမှာတော့ လူတွင်ကျယ်ကာ ထက်မြက်ပြီး အေးချမ်းတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပန်ကိတ်ဒါဒါက သြစတေးလျမှာ ကျောင်းတက်ပြီး “Medical Biologist “နဲ့ ဘွဲ့ရခဲ့ကာ အလုပ်လဲ ဝင်နေပြီ ဖြစ်ပါတယ်။ သူမက အမြဲလိုလို ပညာကို ဆက်လက်သင်ကြားနေရတာ ဝါသနာပါတဲ့အတွက် အလုပ်တစ်ဖက်လုပ်ရင်းနဲ့ မာစတာ ဆက်တက်ဖို့ အစီအစဉ်လဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ ဒါဒါက မြန်မာနိုင်ငံကို ရောက်ရှိနေကာ ရွှေတိဂုံ၊ ပုဂံနဲ့ ကျိုက်ထီးရိုးဘုရားကို သွားဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။ ဘာလို့ဆိုရင်” သြစီမှာခင်ခဲ့တဲ့သူတွေက မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ဘုရားတွေအကြောင်းကို သိချင်ကြတယ် ဒါကြောင့် သူမက သူမရဲ့ မြန်မာပြည်ရဲ့အလှတွေကို ဘလော့တစ်ခုအနေနဲ့ ပြောပြပေးသွားချင်တဲ့ ဆန္ဒလေးကြောင့်”လို့လည်း ဖြေခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ဒါဒါလေးက စိန်နန်းတော် စိန်ရွှေရတနာဆိုင်အတွက် ကြော်ငြာရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းပြီး အေးချမ်းတဲ့ ဒါဒါရဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit- ရိုးမလန်း